စစ်ကိုင်းတောင်ရိုး
သီရိသုမနချောင် မဂ္ဂင်ဓမ္မရိပ်သာ
"ဆရာတော် ဥူးသုမန"
ရေးသားပြုစုအပ်သော
မိုးကုတ်ဝိပဿနာ
ဉာတပရိညာစခန်း
အခြေခံပဋိစ္စသမုပ္ပါဒ်သင်တန်း
သင်ခန်းစာ (၂၂)
ဆရာ။ ။ ဒီသင်ခန်းစာမှာတော့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း တရားအား
ထုတ်ပုံ အားထုတ်နည်းကို ပြောပြပါမယ်။
တရားအားမထုတ်မီ ရှေးအဖို့၌ ထုံစံအတိုင်း သီလခံယူခြင်း၊
ခန္ဓာကိုယ်လှူဒါန်းခြင်း၊ ကမ္မဋ္ဌာန်းတောင်းခြင်း၊ အပြစ်မှ ခွင့်လွှတ်ရန်
တောင်းပန်ခြင်း၊ အဓိပတိတစ်ခုခုကို လက်ကိုင်ထားခြင်း၊ ယုံကြည်ချက်
ထားခြင်း အစရှိသည်တို့ကို ပုဗ္ဗကိစ္စ (၀ါ) ရှေးဦးစွာပြုရမည့် အမှုကိစ္စတို့
ကို တရားအားထုတ်ခါနီးတိုင်း မပြုလျှင်မဖြစ် ဧကန်မုချ ပြုရမှာဖြစ်ပါတယ်။
(၁) သီလခံယူခြင်း
ရဟန်း, ယောဂီဖြစ်လျှင် ရဟန်းတို့ သီလအလိုက်၊ သာမဏေ
ယောဂီ ဖြစ်လျှင် သာမဏေတို့ သီလအလိုက် မိမိတို့ ထိန်းသိမ်းစောင့်
ရှောက်အပ်သော သီလကို စင်ကြယ်လျှင်လည်း စင်ကြယ်သည့်အလျောက်
အကယ်၍ သင့်ရောက်ပြီးသော အပြစ်ရှိလျှင်လည်း ထိုအပြစ်ကို ဆိုင်ရာ
ဒေသနာကံဖြင့် ကုစား၍ စင်ကြယ်ပြီးဖြစ်စေရပါမည်။
လူယောဂီဖြစ်လျှင်လည်း လူတို့နှင့်ဆိုင်ရာ ငါးပါးသီလ,
ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလတို့တွင် အောက်ထစ်ဆုံးအားဖြင့်
ငါးပါးသီလကို ခံယူဆောက်တည်ရမှာ ဖြစ်ပါတယ်။
(၂) ခံန္ဓာကိုယ်ကို လှူဒါန်းခြင်း
အို, နာ, သေ ဒုက္ခ၀ဋ်မှ ကျွတ်လွတ်လို၍ တပည့်တော်/
တပည့်တော်မ ၏ တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရား
ကြီးကို ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားအား လှူဒါန်းပါ၏။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးအား လှူဒါန်းပါ၏။
(၃) ကမ္မဋ္ဌာန်းတောင်းခြင်း
အို, နာ, သေရေး ဒုက္ခဘေးကြီးတို့မှ ငြိမ်းရာငြိမ်းကြောင်း၊
သိမ်းရာသိမ်းကြောင်း၊ အကောင်းဆုံးဖြစ်သော ၀ိပဿနာကမ္မဋ္ဌာန်း
တရားတော်မြတ်ကြီးကို တပည့်တော်/မ အား ကရုဏာ ရှေးရှုသနားမှုဖြင့်
ပေးသနားတော် မူပါအရှင်ဘုရား။
(၄) အပြစ်မှ တောင်းပန်ခြင်း
သံသရာမှစ၍ ယနေ့တိုင်အောင် အရိယာအပေါင်း သူတော်ကောင်းကြီး
တို့အပေါ်၍ ကာယကံ, ၀စီကံ, မနောကံဖြင့် သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ
အမှတ်တမဲ့ဖြစ်စေ၊ တမင်တကာဖြစ်စေ ပြစ်မှားကျူးလွန်မိသော အပြစ်ကြီး၊ ငယ်၊
တစ်စုံတစ်ရာ ရှိခဲ့ပါလျှင် သည်းခံတော်မူကြပါ၊ ခွင့်လွှတ်တော်မူကြပါ၊ ကျေအေး
တော်မူကြပါ။ အကျွန်ုပ်အပေါ်၌ ပြစ်မှားထားသော ပုဂ္ဂိုလ်များ ရှိခဲ့ပါလျှင်လည်း
သည်းခံပါ၏၊ ကျေအေးပါ၏။
(၅) အဓိပတိထားခြင်း
ဝိပဿနာအလုပ် တရားဓမ္မကို အားထုတ်တိုင်း၊ အားထုတ်တိုင်း
အဓိပတိ တရား (၃)ပါးတို့တွင် တစ်ပါးပါးကို လက်ကိုင်ထား၍ အားထုတ်ရမှာ
ဖြစ်ပါတယ်။
(က)အတ္တာဓိပတိ။ ။မိမိကိုယ်ကို အကြီးအကဲမြှောက်ထင်ပြီး အဓိပတိထား၍
အားထုတ်ခြင်း။
(ခ)လောကာဓိပတိ။ ။ပတ်ဝန်းကျင် လောကကြီးကို ငဲ့ကွက်ရှက်ကြောက်ပြီး
သကာလ အဓိပတိထား၍ အားထုတ်ခြင်း။
(ဂ)ဓမ္မာဓိပတိ။ ။ဘုရားသခင်ကိုယ်တော်မြတ်ကြီး (၄၅)၀ါမျှ ကာလပတ်လုံး
ဟောကြားဆုံးမတော်မူခဲ့သော ဓမ္မက္ခန္ဓာတရားတော်
တွေကို အဓိပတိထား၍ အားထုတ်ခြင်းဟူ၍
အဓိပတိ(၃)ပါးရှိရာမှ မိမိကိုယ်ကို အကြီးအကဲ မြှောက်တင်ပြီးသကာလ
အဓိပတိထား၍ အားထုတ်ခြင်းဆိုတဲ့ အတ္တာဓိပတိကို နှလုံးသွင်းဖြစ်ရုံမျှ
အကျဉ်းချုံးပြီး လိုရင်းကိုပဲ ပြောပြမှာ ဖြစ်ပါတယ်။
(က)အတ္တာအဓိပတိ
(၁) ငါသည် စားစရာ သောက်စရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၂) ၀တ်စရာ၊ ခြုံစရာ၊ အ၀တ်အထည်မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၃) နေစရာ၊ ထိုင်စရာ အိုးအိမ်မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၄) ဒီခန္ဓာကိုယ် အတ္တဘောကြီးကို ကျန်းမာစေဖို့၊ ချမ်းသာစေဖို့
အန္တရာယ်ကင်း ဘေးရှင်းဖို့ ဆေးဝါးအလို့ငှာ တရားအားထုတ်တာ မဟုတ်ဘူး။
(၅) လူချမ်းသာ၊ နတ်ချမ်းသာ ဆိုတဲ့ ဘ၀ကောင်းစားရေးကို အလိုရှိလို့
တရားအားထုတ်တာ မဟုတ်ဘူး။
(၆) ငါသည် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဟု ဆိုအပ်သော ပဋိသန္ဓေနေခြင်း၊
နေခြင်း ဆိုးဘေး၊ အိုခြင်း ဆိုးဘေး၊ နာခြင်း ဆိုးဘေး၊ သေခြင်း ဆိုးဘေးကြီး
တွေနဲ့ ရောထွေး၍နေသော ရုပ်နာမ်ခန္ဓာ သံသရာဝဋ် ဒုက္ခကြီးကို ကြောက်လွန်း၊
ရွံလွန်းလို့၊ မုန်းလွန်းလို့၊ ၎င်းဝဋ်ဒုက္ခအပေါင်းတို့မှ ကျွတ်ခြင်း၊ လွတ်ခြင်း
ဉာဏ်အလင်းကို အလိုရှိ၍သာလျှင် အားထုတ်ခြင်း အမှန်ဖြစ်ပါတယ်။
ဒီလိုစိတ်ထားခြင်း နှလုံးသွင်းခြင်းကို အတ္တာအဓိပတိလို့ ခေါ်ပါတယ်။
အဲဒီစိတ်ထားနှလုံးသွင်းနဲ့ တရားဓမ္မအလုပ်ကို ကြိုးစား၍အားထုတ်ကြပါ။
(၆) ယုံကြည်ချက်ထားခြင်း
သံသရာနဲ့အမျှ တစ်ခါမျှ အားမထုတ်ခဲ့ရဘူးသေးတဲ့ (၄)အသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
(၈)အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ်
အားထုတ်မှုအလုပ်ကြီး။
(၁၆)အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ်
အားထုတ်မှုအလုပ်ကြီး။
ဘုရားအစရှိသော အရိယာအပေါင်း သူတော်ကောင်းကြီးတို့ နှစ်ထောင်း
အားရ ကျေနပ်ဝမ်းမြောက်တော်မူကြတဲ့ တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးလည်း အလိုလားဆုံး၊
အနှစ်ခြိုက်ဆုံး၊ ၀မ်းအမြောက်ဆုံး ဖြစ်တော်မူတဲ့ တရားထူး တရားမြတ် အားထုတ်မှု
အလုပ်ကြီး။
မိမိတို့ကို အို,နာ,သေရေး ဒုက္ခဘေးကြီးတို့မှ လုံးဝငြိမ်းအေးရာဌာနသို့
မုချဧကန် အမှန်ပို့ပေးမယ့် တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
ဒီလောက် ထူးခြားမြင့်မြတ်တဲ့ တရားထူး တရားမြတ် အားထုတ်မှု
အလုပ်ကြီးကိုဖြင့် တိုက်တိုက်ဆိုင်ဆိုင်၊ ကြုံကြုံ ကြိုက်ကြိုက်၊ ဆုံဆုံ ဆည်းဆည်း၊
ဆိုက်ဆိုက် မြိုက်မြိုက် အားထုတ်ခွင့်ရသေ ငါသည် အပါယ်(၄)ပါးဘေးမှ
ဧကန်မုချ ကင်းဝေးရတော့မှာပါကလား။
အဲဒီ ယုံကြည်ချက်အပြည့်နဲ့ တရားဓမ္မအလုပ်ကို ကြိုးစားအားထုတ်ကြပါ။
တရားအားထုတ်ရာ၌ သွား, ရပ်, ထိုင်, လျောင်းဆိုတဲ့ ဣရိယာပုတ်(၀ါ)
ဣရိယာပထ (၄)မျိုးရှိရာမှာ ထိုင်းခြင်း ဣရိယာပုတ်နဲ့ အားထုတ်ပုံ အားထုတ်နည်းကိုပဲ
ပြောပြပါမယ်။
*ခန္ဓာကိုယ်အနေအထား*
ယေဘုအားဖြင့် အမျိုးသားယောဂီတွေက တင်ပျဉ်ခွေ၍ထိုင်ပါ။
အမျိုးသမီးယောဂီတွေကတော့ ကျုံ့ကျုံ့ထိုင်ပါ။
သို့သော် မရွှေ့မပြောင်း မလှုပ်မရှား၊ မပြင်မဆင်ဘဲနဲ့ မိမိတို့ အကြာဆုံး
ထိုင်နိုင်တဲ့ အသက်သာဆုံး အနေအထားဖြင့်လည်း အားထုတ်နိုင်တယ်လို့ မှတ်ပါ။
ခါးကို ဖြောင့်ဖြောင့်ထားပါ။ ရှေ့ကိုလည်း ကုန်းမနေပါစေနဲ့၊ နောက်ကိုလည်း
လန်မနေပါစေနဲ့၊ ဘေးကိုလည်း ယိုင်မနေပါစေနဲ့၊ ခါးရိုးခါးဆစ်တွေ တည့်မတ်နေပါစေ။
လည်တိုင်ကိုလည်း မတ်မတ်ကလေးထားပါ။ ခေါင်းငုံ့မနေပါစေနဲ့၊ ခေါင်းမော့
လွန်း မနေပါစေနဲ့၊ ဘေးကိုလည်း စောင်းမနေပါစေနဲ့၊ အသက်ရှုလမ်းကြောင်း ရှိုက်လမ်း
ကြောင်းတွေ ဖြောင့်တန်းနေပါစေ။
လက်အနေအထားနဲ့ ပတ်သက်လို့လည်း ဘယ်လက်ဝါးကိုဖြန့်၍ အောက်က
ထားပြီး ညာလက်ဝါးကို အပေါ်က ထပ်၍ လက်မအဖျားချင်း ထိသည်ဆိုရုံမျှ ထိထားပါ။
*မှတ်ချက်။ ။ (သတိ၊ ၀ီရိယကို အထောက်အကူပြုသည့် လက်အနေအထားလို့ မှတ်ပါ။)
နှုတ်ခမ်းလွှာနှစ်ခုကို စေ့သည်ဆိုရုံမျှ စေ့၍ ပိတ်ထားပါ။ ပါးစပ်ဟပြီး အားမ
ထုတ်ရပါဘူး။
မျက်လွှာနှစ်ခုကိုလည်း အာရုံနိမိတ်မှ ကင်းဆိတ်သည်ဆိုရုံမျှ၊ မှေးသည်ဆိုရုံ
ကလေးမှိတ်ထားပါ။ အလွန်ကြီးလည်း မမှိတ်ရပါဘူး။ မှိတ်လွန်းအားကြီးတော့လည်း
မျက်ရည်ပူတွေ ထွက်လာတတ်ပါတယ်။(၀ါ) မလိုလားအပ်တဲ့ အရောင်အဆင်းတွေလည်း
ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် မှေးသည်ဆိုရုံကလေးသာ မှိတ်ပါ။
*သမာဓိထူထောင်ပုံ (၀ါ) အားထုတ်ပုံ*
ဝင်လေထွက်လေနဲ့ ပတ်သက်လို့ကတော့ မှန်မှန်ရှုထုတ်ပါ။ မှန်မှန်ရှိုက်သွင်းပါ။
ပြင်းပြင်းထန်ထန် မရှုမရှိုက်ရပါ။ ပြင်းပြင်းထန်ထန်ကြီး ရှုရှိုက်တော့လည်း အမောဖောက်
လာတတ်တယ် (၀ါ) အတ္တကိလမထနုယောဂ ဖြစ်၍ နည်းမှားသွားမယ်။ သိမ်မွေ့လွန်းစွာ
ရှုရှိုက်ပြန်တော့လည်း ထင်ထင်ရှားရှား မသိသာပေဘူး။ ဒါ့ကြောင့် မိမိကိုယ်မိမိ ရှုထုတ်မှန်း
ရှိုက်သွင်းမှန်း သိသာရုံမျှ ရှုရှိုက်ပါ။
နှာသီးဖျား (သို့မဟုတ်) နှုတ်ခမ်းဖျားမှာ မိမိတို့ကြိုက်ရာနေရာ၌ သတိ ကလေး
ကပ်ထားပါ။ လေးကလေး ရိပ်ခနဲ ထိဝင်လာရင် "၀င်ပြန်ပြီ" လို့ သိပေးလိုက်ပါ။ ရိပ်ခနဲ
ထိထွက်ပြန်ရင် "ထွက်ပြန်ပြီ" လို့ သိပေးလိုက်ပါ။ ဒီနည်းအားဖြင့် ထိဝင်ရင် သိပေးလိုက်၊
ထိထွက်ရင် သိပေးလိုက်၊ ၀င်တိုင်းသိ, ထွက်တိုင်းသိ, ထိဝင်တာနဲ့ သိတာနဲ့ ထိထွက်တာ
နဲ့ သိတာနဲ့ အံကျအံကျ ဖြစ်နေပါစေ။
*မှတ်ချက်။ ။(၀င်တိုင်းသိ ထွက်တိုင်းသိ အားထုတ်ရာမှာ လေနောက်ကို လုံးဝမလိုက်ရပါ။
မိမိတို့ သတိကလေးကပ်ထားတဲ့ နှာသီးဖျား (သို့မဟုတ်) နှုတ်ခမ်းဖျားမှာပဲ လေကလေး
ရိပ်ခနဲ ထိဝင်ရင် ထိဝင်တဲ့ အခိုက်အတန့်ကလေးကို ထိဝင်ရာ နေရာကလေးမှာ ပဲ သတိ
လေးစိုက်ပြီးတော့ "၀င်ပြန်ပြီ" လို့ အသိကလေး လိုက်ပေးလိုက်ရုံပါပဲ။ ရိပ်ခနဲ ထိထွက်ပြန်
ရင် ထိထွက်တဲ့ အခိုက်အတန့်ကလေးကို ထိထွက်တဲ့ နေရာကလေးမှာပဲ သတိလေးစိုက်ပြီး
"ထွက်ပြန်ပြီ" လို့ အသိကလေး လိုက်ပေးလိုက်ရုံပါပဲ။)
ဝင်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်လျက် သမာဓိထူထောင်ဆဲအခါမှာ
ခန္ဓာကိုယ်ကို မလှုပ်ရှားစေရပါ။ ငိုက်ခနဲ စိုက်ခနဲ မဖြစ်စေရပါ။ ရှေ့တိုးနောက်ငင်နဲ့ ယိမ်းထိုး
၍လည်း မနေစေရပါ။ ခေါင်းငုံ၍လည်း မနေစေရပါ။
မိမိတို့ အားထုတ်ဆဲဖြစ်သော ၀င်လေသိ ထွက်လေသိ အလုပ်မှလွဲ၍ တခြား
ဘာကိုမျှလည်း ဂရုမစိုက်ရပါ။
ဝင်လေသိ ထွက်လေသိဆိုတဲ့ သမာဓိအခိုက်မှာ အာရုံနောက်သို့လည်း လုံးဝ
မလိုက်ရပါ။
ဝီရိယကိုလည်း မလျော့စေရပါ။ သတိကိုလည်း မပေါ့စေရပါ။ အာရုံတစ်ပါး
အခြားသို့လည်း မသွားစေရပါ။ မလစ်စေရပါ။ မလွတ်စေရပါ။
*ဆရာ။ ။ ၀င်လေသိ ထွက်လေသိ အားထုတ်ရာမှာ ကြိုးစားပြီး အားထုတ်နေတဲ့
သဘောကလေးက သမ္မာဝါယမမဂ္ဂင်၊ အလစ်မပေးတဲ့ သဘောကလေး
က သမ္မာသတိမဂ္ဂင်၊ အာရုံတစ်ပါး အခြားသို့ မသွားစေတဲ့ သဘောကလေး
က သမ္မာဓိမဂ္ဂင်။ ဒီတော့ ၀င်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်နိုင်
ပြီဆိုရင်ပဲ သမာဓိမဂ္ဂင် (၃)ပါး ကိုယ်ပိုင်ရနေတယ်လို့ မှတ်ယူ နိုင်ပါတယ်။
ဒီတော့ ၀င်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်နိုင်ပြီ
ဆိုရင်ပဲ သမာဓိမဂ္ဂင်-(၃)ပါး ကိုယ်ပိုင်ရနေတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဝိပဿနာအစ ၀င်လေသိ ထွက်လေသိက ဆိုသည့်အတိုင်း
ဝိပဿနာအလုပ်ကို အားထုတ်ဖို့အရေးမှာ ၀င်လေသိ ထွက်လေသိ
ဆိုတဲ့ သမာဓိအလုပ်ကို ပဏာမ ရှေးပြေးအဖြစ်ဖြင့် ထူထောင်ပေးရ
တယ်လို့မှတ်ပါ။
*၀ိပဿနာသို့ကူးပုံ*
အထက်ပါအတိုင်း ၀ီရိယမလျော့စေဘဲလျက် သတိမပေါ့စေဘဲလျက်
စိတ်ကိုလည်း အာရုံတစ်ပါး အခြားသို့ မသွားစေဘဲလျက် အနည်းဆုံး(၅)မိနစ်၊
(၁၀)မိနစ်၊ (၁၅)မိနစ်၊ မိနစ်(၂၀) စသည်အားဖြင့် ၀ိပဿနာရှုပွား၍ ဖြစ်နိုင်
လောကရုံမျှ သမာဓိကလေးတည်အောင် ထူထောင်နိုင်ပြီိဆိုရင် ၀င်လေသိ
ထွက်လေသိ အလုပ်ကိုလွှတ်၍ ၀ိပဿနာအားထုတ်မှုအလုပ်သို့ ကူးပြောင်းရမှာ
ဖြစ်ပါတယ်။
ဝိပဿနာရှုပွားရာ၌ ထူထောင်ပြီးတဲ့ သမ္မာဓိမဂ္ဂင်-(၃)ပါးအပေါ်မှာ
ပညာမဂ္ဂင်-(၂)ပါး (သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မဒိဋ္ဌိ မဂ္ဂင်) ထပ်ဆင့်၍ ခန္ဓာကိုယ်
ထဲမှာ ဘယ်သဘောတွေ ပြောနေပါလိမ့်၊ ဘယ်လိုတွေ ဆိုနေပါလိမ့်၊ ဘယ်ပုံ
စံတွေ ပြနေပါလိမ့် ဆိုတာတွေကို စောင့်ကြည့်၍ အကဲခတ်နေရုံပါပဲ။
ခန္ဓာ့သဘော ငါမရောစေမူ၍၊ ခန္ဓာ့အပြင်ဘက် ဉာဏ်မထွက်စေမူ၍၊
ခန္ဓာက ဘာပြောတယ်ဆိုတာကို ဉာဏ်မျက်ခြည်မပြတ်တမ်း ခန္ဓာထဲမှာဉာဏ်
ကလေးနဲ့ လှည့်ပတ်ပြီး စောင့်ကြည့်အကဲခတ်နေတဲ့အလုပ်၊(၀ါ) တွေးလုံးထုတ်
နေတဲ့အလုပ် (၀ါ) သုံးသပ်နေတဲ့အလုပ် (၀ါ) ဝေဖန်ပိုင်းခြားနေတဲ့ အလုပ်ကို
ဝိပဿနာအားထုတ်တယ်လို့ ခေါ်တာပါပဲ။
ထိုကဲ့သို့ ခန္ဓာထဲမှာ ဉာဏ်ကလေးနဲ့ စောင့်ကြည့်အကဲခတ်နေစဉ်မှာပဲ
ခန္ဓာထဲက ထင်ရှားတဲ့ အမူအရာကလေးတစ်ခု ပေါ်လာတယ်ဆိုရင် ၎င်းအမူအရာ
ကလေး၏ ရှေ့အမူအရာနဲ့ နောက်အမူအရာ တူ-မတူ၊ ပြောင်း-မပြောင်း၊
ပျက်-မပျက်ကို ဉာဏ်ထဲမှာ ထင်ရှားလာသည့်တိုင်အောင် အကဲခတ်ဝေဖန်နေဖို့
(၀ါ) ဉာဏ်မေးခွန်းလေးတွေ မေးနေဖို့ပဲ ဖြစ်ပါတယ်။
(ဥပမာ)။ ။ နာမှုကလေးက သိပ်ပြီးထင်ရှားနေတယ် ဆိုကြပါစို့။
ဒီနာတဲ့ သဘောကလေးကိုပဲ ဉာဏ်မေးခွန်းတွေ မေးပြီး
လိုက်နေရုံပါပဲ။
"နာတာဟာ ငါလား"
"နာတတ်တဲ့ငါ ရှိပါရဲ့လား"
"ငါမဟုတ်လို့ရှိရင် ငါ့မှာ မနာရပါဘူး"
"ငါမဟုတ်သဖြင့် နာပြနေတာပါလား"
"နာတ်တဲ့ ခန္ဓာကြီး ရထားလို့ နာတဲ့သဘော သူပြောတာပါလား"
"ဒါဖြင့်... နာတယ်ဆိုတာသည် ငါ့သဘော မပါပါလား"
"ခန္ဓာ့သဘော ခန္ဓာက ပြောနေတာပါကလား"
ဤကဲ့သို့အားဖြင့် ဒီနေရာမှာ ဆုံးဖြတ်ချက် တစ်ကြိမ်ချပေးလိုက်ပါ။
"ငါ့သဘော မပါပါလား"လို့ ဆုံးဖြတ်ချက် ချနိုင်တော့ အတ္တဒိဋ္ဌိ (၀ါ)
သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ်။
"ခန္ဓာ့သဘော ခန္ဓာက ပြောတာပါကလား" လို့ ဆုံးဖြတ်ချက်ချနိုင်တော့
အနတ္တဉာဏ် (၀ါ) သမ္မာဒိဋ္ဌိဉာဏ် ရပါတယ်။
အတ္တဒိဋ္ဌိပြုတ်တော့ အပါယ်တံခါး ပိတ်ခြင်း ကျေးဇူးများပါတယ်။
အနတ္တဉာဏ်ရတော့ နိဗ္ဗာန်တံခါး ပွင့်ခြင်း ကျေးဇူးများပါတယ်။
သို့သော် ဒီမျှတွင် ရပ်မနေပါနဲ့၊ ဉာဏ်မေးခွန်းလေးတွေ အဆက်မပြတ်
မေးပေးပါ။ (၀ါ) ဉာဏ်တွေးလုံးလေးတွေ အဆက်မပြတ် တွေးလိုက်သွားပါ။
"ဒီ... နာတဲ့ သဘောလေးဟာ ဘယ်လိုနာနေပါလိမ့်၊ ဘယ်ပုံစံ
နာနေ ပါလိမ့်၊ ဘယ်သဘော နာနေပါလိမ့်"
"ဒီ... နာတဲ့ သဘောလေးဟာ မပြောင်းတော့ဘူးတဲ့လား"
မပျက်တော့ဘူးတဲ့လား။
မြဲမြံနေသလား။
ခိုင်ခံ့နေသလား။
တည်တံ့နေသလား။
တနာတည်း နာနေသလား။
တစ်ဆက်တည်း နာနေသလား။
တရှိန်တည်း နာနေသလား။
ထိုကဲ့သို့ ဉာဏ်မေးခွန်းကလေးတွေ အဆက်မပြတ် မေးခွန်းထုတ်တတ်
ခဲ့သည်ရှိသော်(၀ါ) ဉာဏ်တွေးလုံးကလေးတွေ အဆက်မပြတ် တွေးလုံးထုတ်
တတ်ခဲ့သည်ရှိသော်-
နာတဲ့သဘောကလေး၏ ရှေ့အမူအရာနဲ့ နောက်အမူအရာ မတူ
ပြောင်းလဲ နေပုံတွေ(၀ါ) အသစ်အဟောင်း ပြောင်းလဲနေပုံတွေသည်
တွေးရင်းတွေးရင်းနဲ့ပဲ ဉာဏ်ထဲမှာ ရှင်းလာမှာ အမှန်ဖြစ်ပါတယ်။
ရှေ့အမူအရာနဲ့ နောက်အမူအရာမတူ ပြောင်းလဲသွားတာလေး
တစ်ချက်ကို(၀ါ) အသစ်အဟောင်း ပြောင်းလဲသွားတာလေး တစ်ချက်ကို
တွေးနေတဲ့ ဉာဏ်ထဲမှာ တစ်ခါရှင်းသွားလျှင်ဖြင့် ဖြစ်ပျက်ကို တစ်ကြိမ်
မြင်တာပဲလို့ မှတ်ယူလိုက်ပါ။
ဒါကြောင့် မိုးကုတ်ဥပနိဿယ က "ဖြစ်ပျက်ရှု" "ဖြစ်ပျက်ရှု"
ဆိုလို့ ပါးစပ်က "ဖြစ်ပျက်" "ဖြစ်ပျက်" နဲ့ မြည်နေရမှာ မဟုတ်ပါဘူး။
ခန္ဓာထဲမှာ ရှေကအမူအရာနဲ့ နောက်အမူအရာ မတူဘဲ ပြောင်းလဲနေပုံ
တွေ (၀ါ) အသစ်အဟောင်း ပြောင်းလဲနေပုံတွေကို ဉာဏ်ထဲမှာ ရှင်း
လာသည့်တိုင်အောင် ဉာဏ်မေးခွန်းတွေ ထုတ်နေရုံပါပဲ။
ဒါဖြင့်... အတွေးကောင်းလျှင်၊ ခန္ဓာ၏ ဖြစ်ပျက်သဘောတွေ
ကို မှန်မှန် ကန်ကန် သိနိုင်တာပါပဲ။
ဒီတော့... ၀ိပဿနာဉာဏဆိုတာသည် တွေးမှသိရတဲ့
သဘောဖြစ်ခြင်းကြောင့် ၀ိပဿနာဉာဏ်ကို တွေးသိလို့ မှတ်ယူရပါမယ်။
ဤနည်းအားဖြင့် ညောင်းမှုထင်ရှားရင် ညောင်းမှုကိုရှု။
အောင့်မှုထင်ရှားရင် အောင့်မှုကိုရှု၊
ယားမှုထင်ရှားရင် ယားမှုကိုရှု။
ပူမှုထင်ရှားရင် ပူမှုကိုရှု။
ထုံကျင်မှုထင်ရှားရင် ထုံကျင်မှုကိုရှု။
ကိုက်ခဲမှုထင်ရှားရင် ကိုက်ခဲမှုကိုရှု။
ဘယ်ဟာမျှ မထင်ရှားခဲ့လျှင် ၀င်လေစိတ်၊ ထွက်လေစိတ်ကိုပဲ..
* ရိပ်ခနဲ ရိပ်ခနဲ ထိဝင်တဲ့ သဘောကလေးဟာ ထိဝင်ပြီး မရှိဘူး၊
ပျက်သွားပုံကိုလည်းကောင်း။
* ရိပ်ခနဲ ရိပ်ခနဲ ထိထွက်တဲ့ သဘောကလေးဟာ ထိထွက်ပြီး မရှိဘူး၊
ပျက်သွားပုံကိုလည်းကောင်း၊
ဉာဏ်အားလပ်မှုမရှိအောင် ရှုပေးရမည်ဖြစ်ပါတယ်။
ထိုကဲ့သို့ အ အားမရှိ- အနားမရှိအောင် ရှုပွားနိုင်လို့ မိမိတို့
ဉာဏ်ထဲမှာ အပျက်ကို သဘောကျရင် သဿတဒိဋ္ဌိ ပြုတ်နေတာပါပဲ။
အဖြစ်ကို သဘောကျရင်လည်း ဥစ္ဆေဒဒိဋ္ဌိ ပြုတ်နေတာပါပဲ။
ဖြစ်ပျက်ကို သဘောကျကတည်းက သက္ကာယဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ
တို့ကလည်း ပြုတ်နေပြီး ဖြစ်ပါတယ်။
ဒါကတော့ ပွားမှုနဲ့ ဒိဋ္ဌိပြုတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။
ဤကဲသို့အားဖြင့် လက်တွေ့ကျကျ ၀ိပဿနာရှုပွားနေတဲ့
နေရာမှာရုပ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုရင်လည်း ရုပ်ကိုမတွေ့စေရပါ။
ရုပ်၏ အနိစ္စ, ဒုက္ခ, အနတ္တ(၀ါ) ဖြစ်ပျက်ကိုသာ တွေ့အောင်ရှုရမှာ
ဖြစ်ပါတယ်။
ဝေဒနာရယ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုရင်လည်း ဝေဒနာကို
မတွေ့စေရပါ။ ဝေဒနာ၏ အနိစ္စ, ဒုက္ခ, အနတ္တ (၀ါ) ဖြစ်ပျက်ကိုသာ
တွေ့အောင်ရှုရမှာ ဖြစ်ပါတယ်။ စိတ်ရယ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုလျှင်
လည်း စိတ်ကိုမတွေ့စေရပါ။ စိတ်၏ အနိစ္စ, ဒုက္ခ, အနတ္တ (၀ါ)
ဖြစ်ပျက်ကိုသာ တွေ့အောင်ရှုရမှာ ဖြစ်ပါတယ်။
ဒါဖြင့်... ဆိုင်းဘုတ်ကို မရှုရပါ။ ဖြစ်ပျက်ကိုသာ တွေ့အောင်
ရှုရပါမည်။ ဒီတော့... ဘယ်ဟာကိုပဲ ရှုရှု ဖြစ်ပျက်မြင်အောင် ရှုနိုင်ရင်
သစ္စာဆိုက်တာချည်းဖြစ်၍ ဓမ္မာနုပဿနာအလုပ် အထမြောက်တော့
သည်သာ (၀ါ) တိရဏပရိညာအလုပ် အထမြောက်တော့သည်သာ
ဖြစ်ပါတယ်။
No comments:
Post a Comment