Friday, August 17, 2012

လူဖြစ်လာရခြင်း၏ အဓိကရည်ရွယ်ချက်


တိရစ္ဆာန်ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ပြီးပါမှ
လူ့ဘ၀ ရောက်လာရတတ်ပါတယ်။
ဒါကြောင့် တိရစ္ဆာန်ဘ၀ပေါင်းများစွာက ပါလာတဲ့
တိရစ္ဆာန်စိတ် (၀ါ) စိတ်ရိုင်းတွေ လူမှာ ပါလာတတ်
ပါတယ်။ တိရိစ္ဆာန်စိတ်ဆိုတာ . . .
- အကြိုက်နောက် စိုက်လိုက်မတ်တပ်လိုက်နေတဲ့
   လောဘစိတ်။
- မကြိုက်နောက် ပစ်မှားစော်ကားနေတဲ့ ဒေါသစိတ်။
- အကောင်းအဆိုး အကျိုးအပြစ် မခွဲခြားနိုင်တဲ့
   အမှားသိ မောဟစိတ်တို့ကို ဆိုလိုပါတယ်။
အဲဒီအောက်တန်းစား စိတ်သုံးမျိုးကို . . .
- အကြိုက်မှ သဒ္ဓါသို့၊ ပြစ်မှားမှုမှ ပညာသို့၊
အမှားသိမှ အမှန်တွေးသို့ ပြောင်းလဲပေးတတ်ဖို့
သာလျှင် လူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လို့
မှတ်သားအပ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရသြ၀ါဒ)

No comments:

Post a Comment