Tuesday, August 7, 2012

"မဟာဗောဓိမြိုင်ဆရာတော်" သံဝေဂလမ်း - မှ ထုတ်နုတ်ထားပါသည်

ဤဘ၀ပါ မရဏသည်ကား ဘ၀ခွင်ဖြစ်စဉ် ဟူ၍ အထင်အရှား ရှိနေသေးသမျှ စက္ကန့်မလပ်ပင်
စပ်လျက် ထပ်လျက်ဖြင့် တာဝန်ယူကာ အမြဲလိုက်ပါနေကြမည်။
သို့ကြောင့် ငါသည်လည်း ခဏပိုင်းနေလေးများဖြင့်သာ
ခရီးသွားလာခွင့်ရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် သေပေးနေရသည်ချည်းသာ။
အများတကာတို့သည်လည်း ဤခဏပိုင်း နေခွင့်ရလေးများဖြင့်သာ
အသက်ရှင်ခွင့်ရနေကြရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် အသက်သေ သေသွားရသည်ချည်းသာ။
သင်္ချိုင်းထားကား အသေဆုံးသဖြင့် သွားရောက်ပို့ကြရခြင်းသာ။
သို့ကြောင့် ငါသည်လည်း သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင် ခဏချင်းချင်း ချုပ်လျက်ကရှိပြီး၊
သည်မှာ အသစ်မွေး သည်မှာပင် အသစ်သေပေးခဲ့ရသည်။
သို့ဖြင့်ပင် ငါဆိုသော ထိုငါသည် ၀ယ ခေါ် အပျက်၏ သင်္ကေတပြဖြစ်သော အရွယ်များကလည်း
မွေးကင်းစအရွယ်၊ ကလေးအရွယ်၊ လူလတ်အရွယ်၊ လူကြီးပိုင်းအရွယ်၊ အိုကြီးချက်မအရွယ်
စသည်များဖြင့် အဆင့်ဆင့် ပြောင်းလဲပေးခဲ့ရပြီ။ ယခုလည်း ပြောင်းပေးနေရဆဲ။
သင်နှင့်အများသည်လည်း ထိုနည်းမခြား တစ်သားတည်းပင်။ သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင်
အပျောက်သုတ်ခံ ခဲ့ကြရပြီး၊ သည်နေရာမွေး သည်နေရာမှာပင် သေခဲ့ကြေခဲ့ကြရပြီ။
သို့ကြောင့် သင်တို့၏ ဖြစ်စဉ်များသည်လည်း နံနက်ပိုင်းက အရွယ်သည် နေ့လည်အထိ သယ်လာခွင့်မရှိ။
တစ်ဖန် နေ့လယ်က အရွယ်သည်လည်း ညနေအထိ သယ်သွားခွင့်မရှိပြီ။
သည့်ထက် တင်းကျပ်သောဥပဒေမှာ
သင်တို့၏ ဘယ်ဖ၀ါး မြှောက်စဉ်က နာမ်ရုပ်များ ထိုဘယ်ဖ၀ါးချနင်းသည်အထိ သယ်ထုတ်ယူသွားခွင့်မရ
လိုက်ခြင်းပင်။
ထိုမီးအားလုံးတို့သည် သတ္တ၀ါတိုင်းတို့၌ -
  • ဘုံခင်ရာမှ အစွဲဆောင် အလောင်ခံ အပြောင်နှံ ခံနေရခြင်းတည်း။
  • ဘ၀မင်ရာမှ အစွဲနှောင် အလောင်ခံ အပြောင်နှံ ခံနေရခြင်းများတည်း။
  • ၀တ္ထု ၀တ္ထုချင်း အလဲထားကြရာမှလည်း အဖျက်ခံ အသက်နှံ နေရခြင်းများတည်း။
  • အာရုံ အာရုံချင်း လဲစားကြရာမှလည်း အဖျက်ခံ အသက်နှံ နေရခြင်းများတည်း။
တစ်ယောက်တည်းနေလည်း အဖျက်မလွတ် အပျက်မလွတ်
အများနှင့်တွဲနေက ပို၍ဆိုး ပို၍ပင် အကျိုးနည်း။
သို့ကြောင့် အတွင်းလောင် ထိုမီးများသည်လည်း ပြင်ပမီးထက် ကြောက်စရာအကောင်းဆုံး

No comments:

Post a Comment