Friday, August 17, 2012

ကာယိနြေ္ဒပျက်စီးခြင်း


ရာဂစိတ်မွှန်နေရင် ကာယိနြေ္ဒပျက်တယ်။
အာရုံနဲ့ အာရုံရှင်ကို တပ်မက်မှုနဲ့ ပြစ်မှားနေတဲ့
ရာဂစိတ် ထိပ်တက်လာပြီဆိုရင် ဘယ်သူဆုံမလို့မှ
မရတော့ဘူး။ နွားသိုး ကြိုးပြတ်ဆိုတာလို ထကြွ
သောင်းကျန်းပြီး ကာယိနြေ္ဒပျက်တယ်။
ဒေါသစိတ်မွှန်နေရင်လည်း ကာယိနြေ္ဒပျက်တယ်။
ရတာမလို လိုတာမရ ကိုယ့်အကြိုက် အနှိုက်ခံရတဲ့
ဒေါသဆိုတဲ့ မကျေချမ်းစိတ်တွေ ဖြစ်ပေါ်လာတယ်။
အဲဒီမှာ ဘ၀င်လေ လှုပ်ရှားတွန်းကန်၊ နှလုံးတုန်
ရင်ခုန်ဖြစ်ပြီး နှလုံးသွေးများလည်း မည်းညစ်သွား
တော့တယ်။ မျက်နှာအသွင်အပြင်လည်း နီရဲ
မည်းညစ်လာပြီး မျက်ရည်တွေလည်လာလို့
မီးပွင့်မတတ် ကာယိနြေ္ဒကို ပျက်စီးစေတယ်။
ငှက်ဖျားရောဂါသည်လို တစ်ကိုယ်လုံး
တုန်လာတော့တယ်။
ဒေါသစိတ် ထိပ်တက်လာပြီဆိုရင်လည်း
ကာယိနြေ္ဒပျက်တော့တာပဲ။
မောဟစိတ် ၀င်လာရင်လည်း ကာယိနြေ္ဒပျက်
တော့တာပဲ။ ကြိုက်စိတ်ညှဉ်းဆဲတာခံရ၊
မကြိုက်စိတ်ညှဉ်းဆဲတာခံရနဲ့၊ နှလုံးသွေးလည်ပတ်မှု
နှေးကွေးလာချိန်မှာ ဘုန်းဘုန်းကျနေတဲ့ မေဟစိတ်
ဝင်လာရော။ အဲဒီမှာ တွေဝေထုံထိုင်းလာပြီး
နှလုံးသွေးလည်း ပျစ်ချွဲချွဲဖြစ်လာတယ်။ မျက်နှာ
အသွင်အပြင်က မှုန်တေတေဖြစ်လာတယ်။
ကောင်းအာရုံ ဆိုးအာရုံတွေမှာ ဇဝေဇ၀ါ အတွေးနဲ့
ငေးကြည့်နေတတ်တယ်။ လက်ထဲကမုန့်
စားရမှာလိုလို လွှင့်ပစ်ရမှာလိုလိုဖြစ်နေတဲ့
ကလေးတစ်ယောက်လိုပဲ။ အဲဒီအချိန်မှာ လိပ်ကို
ကြမ်းပိုးပြောလည်း ယုံ၊ ကြမ်းပိုးကို လိပ်လို့ပြောလည်း
ယုံ။ အပြောအပြသာတဲ့ဘက် စိတ်ပါသွားရော။
မောဟစိတ် ထိပ်တက်နေရင် လူဟာ ထုံအအ ပွတတ
ကြီးဖြစ်သွားပြီး ကာယိနြေ္ဒပျက်တော့တာပဲ။
ရာဂ, ဒေါသ, မောဟ ဒီစိတ်သုံးမျိုးဟာ ကာယိနြေ္ဒ
ပျက်စေရုံမျှမက အပါယ်ဘုံသို့လည်း ကျစေတတ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)

No comments:

Post a Comment