Sunday, August 12, 2012

စည်းရိုးကလေး -မဟာဗောဓိမြိုင်ဆရာတော်-

ဒါနနဲ့ သီလဆိုတာ လူနဲ့တိရစ္ဆာန်ကြား ခြားထားတဲ့စည်းရိုး၊
တိရစ္ဆာန်ဘ၀တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ညဉ်စရိုက်တွေ ကြည့်လိုက်စမ်းပါ
  • ကြိုက်ရင် ကြိုက်သလို လိုက်သိမ်းပိုက်တဲ့ အဓမ္မရာဂ၊
  • မကြိုက်ရင် မကြိုက်သလို လိုက်ပြီးတိုက်ခိုက်တဲ့ အဓမ္မဒေါသ၊
  • မသိရင် မသိသလို လိုက်ပြီး မိုက်ကြွေးချနေတဲ့ အဓမ္မမောဟ၊
အဲဒီတိရစ္ဆာန်ဉာဉ် တိရစ္ဆာန်စရိုက်ဆိုးတွေ လူတို့ရဲ့စိတ်ထဲ
ထိုးဆင်းကျရောက်လာခြင်းမရှိအောင် ကိုယ်ကျင့်သီလဆိုတဲ့
စည်းရိုးကလေး ခြားထားရပါတယ်။ ဒီတော့ စည်းရိုးကလေး လုံပါစေ။ ခိုင်ပါစေ။
စည်းမလုံ ခွေးတိုးတဲ့နော်၊ ခွေးကျင့် ခွေးကြံတွေ ၀င်ရောက်လာရင်
လူ့စည်းပေါက်သွားပြီလို့မှတ်ပါ။
ငါစားရပြီးရော၊ ငါဝပြီးရော ကျန်တဲ့ဘ၀တူတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး
ဟောင်လို့ဟောင်၊ ကိုက်လို့ကိုက်ဆိုတာ ခွေးလောကရဲ့ အကျင့်အကြံတွေပါ။
ဒီတော့ ငါ့ရှိတာလေး မျှဝေပေးကျွေး၊ ငါစားရသလို သူလည်းစားရပါစေဆိုတဲ့
ကိုယ်ချင်းစာစိတ်ကလေး မွေးလိုက်တာဟာ မေတ္တာစမ်းပေါက်ကလေး
ဖွင့်ပေးလိုက်တာပါပဲ။ သူတစ်ပါးသို့ မျှဝေပေးကျွေးခြင်းဆိုတဲ့ ဒါနမှာ
မေတ္တာဓာတ် သက်ဝင်နေပြီ။
ကိုယ်ကျင့်သီလ၊ ကိုယ်ချင်းစာမေတ္တာ၊ သူ့အကျိုးလိုလားခြင်း ဒါန ဆိုတဲ့
စည်းရိုးသုံးထပ်ကာထားနိုင်ရင် တိရစ္ဆာန်ဉာဏ် တိရစ္ဆာန်စရိုက်တွေ
မ၀င်သာတော့ပါဘူး။
(1997ခုနစ်၊ နတ်တလူတောရသြ၀ါဒများ မှ)

No comments:

Post a Comment