ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"
၏
အမှတ်(၃၆)ကျမ်းစာ
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
"အရှင်ဇနကာဘိဝံသ"
၏
အမှတ်(၃၆)ကျမ်းစာ
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ရုပ်နာမ် ခန္ဓာ
ပထ၀ီ, အာပေါ, တေဇော, ၀ါယော(မြေ,ရေ,မီး,လေ)
ဟူသော အထည်ကိုယ် အမာခံရုပ်ကြီး ၄-ပါးနှင့်
ဝဏ္ဏ(အဆင်း), ဂန္ဓ(အနံ့), ရသ(အရသာ), သြဇာ(အစာ
အဟာရတို့၌ပါသော အဆီအနှစ်) ဤရုပ်ရှစ်ပါး အနည်း
ဆုံးစုမိမှ ကလာပ်(ရုပ်အစု)တစ်ခုဖြစ်၏။ ဤကဲ့သို့ ရုပ်
ကလာပ်တို့သည် ခန္ဓာကိုယ်၌ မရေမတွက်နိုင်အောင်
များ၏။
လောဘ ဒေါသ မောဟ မာန(အထင်ကြီးမှု), ဣဿာ
(မနာလိုမှု), မစ္ဆရိယ(၀န်တိုမှု), ဒိဋ္ဌိ(အယူမှားမှု),
ဝိစိကိစ္ဆာ(ယုံမှားသံသယဖြစ်မှု)စသော မကောင်းသော
စေတသိက်များနှင့် အတူတွဲ၍ဖြစ်သော စိတ်ကို
အကုသိုလ်စိတ်ဟု ခေါ်၏၊ အလောဘ, အဒေါသ,
အမောဟ, သဒ္ဓါ, ပညာ, သတိ, မေတ္တာ, ကရုဏာ,
မုဒိတာ(သူချမ်းသာသည်ကို ၀မ်းမြောက်မှု) စသော
စေတသိက်များနှင့် တွဲဘက်၍ဖြစ်သော စိတ်ကို
ကုသိုလ်စိတ်ဟု ခေါ်၏။
ထိုထိုကိစ္စ၌ အားထုတ်သော ၀ီရိယ, အာရုံတစ်ခုပေါ်၌
အတော်ကြာအောင် တည်ငြိမ်နေသောသမာဓိသည်
အကုသိုလ်ဘက်၌လည်းပါ၏၊ ကုသိုလ်ဘက်၌လည်း
ပါ၏။ ၀ိပါက်စိတ်တို့သည် ကုသိုလ် အကုသိုလ် ကံ၏
အကျိုးတရားတို့သာ ဖြစ်ကြ၏။ ကြိယာစိတ်တို့လည်း
များသောအားဖြင့် ရဟန္တာသန္တာန်၌သာ ဖြစ်နိုင်ကြ၏၊
ထို စိတ်စေတသိက် အားလုံးကို "နာမ်" ဟုခေါ်၏။
ဤရုပ်နာမ် ၂-ရပ် ပေါင်းစပ်နေသည်ကို "ခန္ဓာကိုယ်"
ဟု ခေါ်၏။ ထို ခန္ဓာကိုယ်ကိုပင် ပုဂ္ဂိုလ်, သတ္တ၀ါ, သူ,
ငါ, ဟု ခေါ်ကြသည်။
အ၀ိဇ္ဇာနှင့် တဏှာ
အရင်းခံ
ပြအပ်ခဲသော နာမ်တရားတို့တွင် အမှန်ကို မသိအောင်
ဖုံးကွယ်တတ်သော မောဟကို "အ၀ိဇ္ဇာ"ဟု ခေါ်၏၊
အ၀ိဇ္ဇာက ဖုံးကွယ်၍ထားသောကြောင့် အပြစ်ကိုမမြင်
နိုင်ဘဲ လိုချင်မှု လောဘဖြစ်ရ၏။ ထိုလောဘကို "တဏှာ"
ဟုလည်းကောင်း, တပ်မက်မှု တဏှာကိုပင် "ရာဂ" ဟု
လည်းကောင်း ခေါ်၏၊ ဤရုပ်နာမ် ခန္ဓာကိုယ်၏ အရင်းခံ
သည် အ၀ိဇ္ဇာနှင့် တဏှာပင်တည်း၊ ထို အ၀ိဇ္ဇာနှင့် တဏှာ
ကြောင့် ရုပ်နာမ်ခန္ဓာကို အပြစ်မမြင်ဘဲ လိုချင်နေသည့်
အတွက် ထိုထိုကံကိုပြု၍ ဘ၀အဆက်ဆက်၌ ဆက်ကာ
ဆက်ကာ ဖြစ်နေသော ရုပ်နာမ်ခန္ဓာ ဖြစ်ရ၏၊ ထို့သို့
တစ်ဘ၀ပြီး တစ်ဘ၀ ဆက်ကာဆက်ကာ ဖြစ်နေရခြင်းကို
ပင် "သံသရာလည်ခြင်း" ဟုခေါ်ရ၏၊ သတ္တ၀ါတစ်ယောက်၏
သံသရာသည် အစမထင်ရှားအောင်ပင် ကြာမြင့်ခဲ့ကြပြီ။
သံဝေဂ၀တ္ထု ရှစ်ပါး
ရုပ်နာမ်ခန္ဓာ သံသရာသည် အစမထင်ရှားအောင် ကြာခဲ့ပါ
သော်လည်း ထိုသံသရာအတွင်း၌ ချမ်းသာသုခနှင့် ကျင်
လည်ခဲ့ရကြသည် မဟုတ်ပါ၊ လူ့ဘ၀၌ဖြစ်သောအခါ
အမိဝမ်းခေါင်း ကျဉ်းကျဉ်းမြောင်းမြောင်း မှောင်မှောင်မဲမဲ
ထဲ၌ အလွန်သေးငယ်သော ရုပ်ခန္ဓာကလေးမှ စ၍
တစ်ဖြေးဖြေး ကြီးရင့်ကာ ဆယ်လညောင်းအောင် အောင်း
ခဲ့ရ၏၊ မိခင်ရော သူငယ်ပါ သေရေး ရှင်ရေး စိတ်မအေး
လောက်အောင် ဖွားမြင်ခဲ့ရ၏၊ ဤသို့"ဇာတိဒုက္ခ" ခုခေါ်
ရသော ဒုက္ခအမျိုးမျိုးကို ခံစားပြီး၍ ဖွားမြင်ပြီးသောအခါ
အိုရခြင်း နာရခြင်း သေရခြင်းဟူသော ဇရာဒုက္ခ ဗျာဓိဒုက္ခ
မရဏဒုက္ခတို့နှင့် ရင်ဆိုင်ရပြန်၏၊ ထို ဒုက္ခအမျိုးမျိုးကြောင့်
စိတ်ရောကိုယ်ပါ အေးချမ်းစွာ မနေနိုင်ကြ၊ ဤသို့ ဒုက္ခအမျိုး
မျိုးကို ခံးစား၍ သေသောအခါ အများစုက ငရဲ တိရစ္ဆာန်
ပြိတ္တာဘ၀၌သာ၍ ဆိုးဝါးသော ဒုက္ခကို ခံစားကြရ၏၊
ဤနည်းအားဖြင့် အတိတ်ဘ၀များစွာ သံသရာကလည်း
ဒုက္ခမျိုးစုံ အဖုံဖုံဖြင့် ကျင်လည်ခဲ့ရ၏၊ အရိယာ မဖြစ်သေးသမျှ
နောက်ဘ၀များစွာ သံသရာ၌လည်း ဒုက္ခမျိုးစုံဖြင့် ကျင်လည်
ကြရဦးမည်သာ၊ ထို ဒုက္ခအမျိုးမျိုးမှ လွတ်ခွင့်ရတုန်း အခိုက်
မှာလည်း စားဝတ်နေရေးအတွက် အစာရှာဖွေရသော ဒုက္ခ
တို့လည်း နည်းနည်းမဟုတ်ပါ၊ နေ့စဉ်တွေ့နေရသော ဒုက္ခပင်
ဖြစ်၏၊ အစာရှာရင်းပင် မင်းပြစ်စသော အပြစ်ကြောင့် အလွန်
ကြောက်ဖွယ်ကောင်းသော ဒုက္ခကို ခံရသေး၏၊ ထို့ကြောင့်
ဤပြခဲ့သော ဒုက္ခရှစ်ပါးကို သံသရာဝယ် ငြီးငွေ့သော
သံဝေဂဉာဏ် ဖြစ်ဖို့ရန် "သံဝေဂ၀တ္ထုရှစ်ပါး" ဟု
ဘုရားဟောတော်မူပါသည်။
ကမ္မဋ္ဌာန်းမှန်သမျှ
အ၀ိဇ္ဇာနှင့် တဏှာ
ကုန်ဖို့သာ
အ၀ိဇ္ဇာနှင့် တဏှာကြောင့် သံသရာဝယ် ဒုက္ခအမျိုးမျိုးဖြင့်
ကျင်လည်နေရပုံကို သိသောအခါ ထိုအ၀ိဇ္ဇာနှင့် တဏှာ
ကုန်အောင် ကြိုးစားရသောနည်းကို ရှာကြရ၏။ ထိုနည်း
ကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတောမူ၍
သိကြရ၏။ သမုဒြာသို့ ၀င်ဖို့ရန် ဆိပ်ကမ်းများစွာရှိသကဲ့သို့
သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ၀င်ရန်လည်း
ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်းတွေ အများအပြားပင်
ရှိ၏။ ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်းပင် အ၀ိဇ္ဇာတဏှာတို့
နည်း၍နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်
သောလမ်းစဉ် ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း
အ၀ိဇ္ဇာနှင့် တဏှာမနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှား
နေလိမ့်မည်၊ သို့မဟုတ် မိမိကသော်လည်း အ၀ိဇ္ဇာနှင့်
တဏှာနည်းလိုသောဆန္ဒ မရှိသောကြောင့် ဖြစ်လိမ့်မည်။
ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့်တဏှာ ကုန်စေ
လိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာနှင့် တဏှာ
နည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်၊ ထို့ကြောင့်
ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာ နည်း-
မနည်းကို ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး
ဖြစ်သည်ဟု မှတ်ပါ။
ကာယဂတာသတိ ကမ္မဋ္ဌာန်း
"ရဟန်းသည် မိမိကိုယ်ကာယကို အဖန်ဖန်ရှု၍သော်လည်း
နေရ၏" ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ၏။ ထိုသို့ ဟောတော်
မူသည့်အတိုင်း ကိုယ်ကာယကို ရှုရာ၌ ဆံပင်, မွေးညှင်း,
ခြေသည်း, လက်သည်း, သွား, အရေစသော "ကာယဂတာ
သတိ" ဟုလည်း ခေါ်အပ်သော ကမ္မဋ္ဌာန်းသည် တစ်ပါးအပါ
အ၀င် ဖြစ်၏။ အရှင် အာနန္ဒာသည် ရဟန္တာဖြစ်ခါနီး၌ စင်္ကြံ
သွားရင်း "ကာယဂတာ သတိ" ကို နှလုံးသွင်းတော်မူ၏။
ခေမာထေရီအလောင်းဖြစ်သော မိဖုရားကိုလည်း "သတိ
ကာယဂတာ တျတ္ထု- အသင့်အား ကိုယ်ကာယ၌ဖြစ်သော
သတိကို ဖြစ်စေလော့"ဟု ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူ၏။
မထေရ် ၂ပါး
ကေသာ လောမာရွတ်၍
တရား ရပုံ
မလယအရပ်၌ နေသော "မဟာဒေ၀ထေရ်"၏ အထံ၌
ကမ္မဋ္ဌာန်းတောင်းလာသော မထေရ် ၂-ပါးတို့သည်
နိကာယ် ၂-ရပါ ၃-ရပ်ကို တတ်ကျွမ်းသူများ ဖြစ်ကြ၏။
သို့သော် ကမ္မဋ္ဌာန်းဆရာတော်သည် ထိုနိကာယ်ဆောင်
မထေရ် ၂-ပါးအား "ကေသာ လောမာ နခါ ဒန္တာ တစော"
စသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ၄-လပတ်လုံး ရွတ်အံ၍
နေကြရန် ပေးတော်မူ၏။ ထိုမထေရ် ၂-ပါးသည် ဆရာညွှန်
ပြသည့်အတိုင်း ၄-လပတ်လုံး "ကေသာ, လောမာ, နခါ
ဒန္တာ, တစော" စသောအားဖြင့် ရွတ်အံနေစဉ်ပင် ၃၂-ပါး
သော ကောဋ္ဌာသတို့ကို အလွန်ထင်မြင်လာရကား
သောတာပန် ဖြစ်ကြပါသည်၊ ဤမျှလောက်ထင်ရှားသော
ရှေးသူတော်ကောင်းများ အသုံးပြုလေ့ရှိသော ရှေးခေတ်က
ဘုန်းကြီးကျောင်းများဝယ် သင်ပြလေ့ရှိသော "ကာယဂတာ
သတိ" ဟုလည်း ခေါ်အပ်သော ဤကောဋ္ဌာသကမ္မဋ္ဌာန်းကို
တစောတိုင်အောင် အကျယ်ပြပါမည်။
ဆံပင်။ ။ ဦးခေါင်းအထက်၌ အရေအတွက် များစွာသော
ဆံပင်တို့သည် အဆင်းအားဖြင့်လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံအားဖြင့် လည်းကောင်း, ပေါက်ရာ
အရပ်အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း,
မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏။ ရွံရှာဖွယ်ကောင်း
ကုန်၏။ ဤ ဆံပင်တို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ် အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
မွေးညှင်း။ ။ တစ်ကိုယ်လုံး၌ အနှံ့ပေါက်နေသော များစွာသော
မွေးညှင်းတို့သည် အဆင်းအားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း, ပေါက်ရာ
အရပ်အားဖြင့်လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း,
မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ ရွံရှာဖွယ်ကောင်း
ကုန်၏။ ဤမွေးညှင်းတို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ်အစုသာ ဖြစ်၍ အနိစ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
ခြေသည်း လက်သည်း။ ။ လက်ဖျား ခြေဖျားတို့၌ နှစ်ဆယ်သော
လက်သည်း ခြေသည်းတို့သည် အဆင်းအားဖြင့် လည်းကောင်း,
ပုံသဏ္ဍာန်အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း,
ပေါက်ရာအရပ်အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့်
လည်းကောင်း, မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊
ရွံရှာဖွယ် ကောင်းကုန်၏။ ဤလက်သည်း ခြေသည်းတို့သည်
ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်, သူ့ဥစ္စာလဲ မဟုတ်,
အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်လွန်ကဲသော ရုပ်ကလာပ်
အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည် တကား။
သွား။ ။ သွားဖုံး၌ပေါက်သော သုံးဆယ့်နှစ်ချောင်းသော
သွားအပေါင်းတို့သည် အဆင်းအားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း, ပေါက်ရာအရပ်
အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့် လည်းကောင်း, မတင့်
တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ ရွံရှာဖွယ်ကောင်းကုန်၏။
ဤသွားအပေါင်းတို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ်အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
အရေ။ ။ တစ်ကိုယ်လုံးဝယ် အသား၏အပေါ်၌တည်နေသော
အရေထူ အရေပါးအားဖြင့် နှစ်မျိုးပြားသော အရေသည် အဆင်း
အားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်အားဖြင့် လည်းကောင်း, အနံ့
အားဖြင့် လည်းကောင်း, ဖြစ်ရာအရပ်အားဖြင့် လည်းကောင်း,
အကြောင်းအားဖြင့် လည်းကောင်း, မတင့်တယ်, စက်ဆုပ်ဖွယ်
ကောင်း၏။ ရွံရှာဖွယ်ကောင်း၏၊ ဤအရေတို့သည် ငါမဟုတ်,
သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်, သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍
ဖြစ်ပျက်နေသော ပထ၀ီဓာတ် လွန်ကဲသော ရုပ်ကလာပ်အစုသာ
ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်တကား။
အဓိပ္ပာယ်ရှင်းလင်းချက်
တစပဉ္စက ကမ္မဋ္ဌာန်း
ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေ,
ဤငါးပါးကို "တစပဉ္စက" ဟုခေါ်၏၊ (တစ- အရေအားဖြင့်
+ပဉ္စက- ငါးခုအပေါင်း၊) ဤငါးပါးကိုပင် ဤစာ၌ ရေးပြ
သည့်အတိုင်း နှုတ်တက်အောင် ကျက်၍ ကမ္မဋ္ဌာန်း
အားထုတ်ချိန်၌, သို့မဟုတ် အခွင့်ရသည့် အချိန်တိုင်း၌
ဖြေးဖြေးစဉ်းစား၍ ရွတ်ဆိုနေပါလျှင် "တပဉ္စက ကမ္မဋ္ဌာန်း"
ကို အားထုတ်ရာ ရောက်သောကြောင့် အဆင်း စသော
အားဖြင့် ဆံပင် စသည်တို့၏ စက်ဆုပ်ဖွယ်ကောင်းပုံကို
ရှင်းပြပါမည်။
(ဆံပင်၌ စက်ဆုပ်ဖွယ်) ဆံပင်တို့သည် အဆင်းအားဖြင့်
မည်းနက်သော အဆင်းရှိကုန်၏၊ ပုံသဏ္ဍာန်အားဖြင့်
ရှည်၍လုံးသော ပုံသဏ္ဍာန် ရှိကုန်၏၊ ထိရလျှင် ကြမ်း
သောကြောင့် စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ အနံ့အား
ဖြင့် ဆီလိမ်းမှုစသည်ကို မပြုဘဲ ပင်ကိုယ်အတိုင်းဖြစ်
လျှင် အလွန်စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ မီး၌ထည့်၍
အနံ့ခံလျှင် သာ၍ စက်ဆုပ်ဖွယ်ကောင်းသေး၏၊ ဆံပင်
တို့သည် သလိပ်, သည်းခြေ, သွေး, ပြည်, ကျင်ကြီး,
ကျင်ငယ်တို့ကြောင့် ပေါက်လာကြရ၏၊ ဤသို့ ပေါက်
လာခြင်း၏ အကြောင်းအားဖြင့်လည်း ရွံရှာဖွယ်ကောင်း
ကုန်၏၊ ဤဆံပင်တို့သည် မစင်ပေါ်၌ပေါက်လာသော
မှိုကဲ့သို့ သုံးဆယ့်တစ်ပါးသော ကောဋ္ဌာသအစုအပုံ
ပေါ်ဝယ် ထိပ်ဆုံးကျသော ဦးခေါင်းပေါ်၌ ပေါက်ကြရ၏၊
ထို့ကြောင့် ပေါက်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ်ကောင်း
ကုန်၏။ ဤသို့လျှင် ဆံပင်တို့သည် အဆင်း, ပုံသဏ္ဍာန်,
အနံ့, ဖြစ်ရခြင်း၏အကြောင်း, ဖြစ်ရာအရပ်, ဤသို့
ငါးပါးသော အပြားအားဖြင့် စက်ဆုပ် ရွံရှာဖွယ်ကောင်းပုံ
ကို ဉာဏ်၌ထင်အောင် ဆင်ခြင်ကြည့်ရှုရသည်၊ ဆံပင်
တို့သည် ရုပ်ကလာပ်အစုအဝေးသာဖြစ်၏၊ ထိုရုပ်ကလာပ်
တွင်လည်း ပထ၀ီဓာတ်၏ သတ္တိလွန်ကဲမှုကြောင့် မာသော
ကြမ်းသော အတွေ့ကို တွေ့ရ၏၊ ရုပ်ကလာပ်အစုအဝေး
သာဖြစ်သောကြောင့် "ငါဟု လည်းကောင်း, သူဟု လည်း
ကောင်း" ခေါ်ဆိုဘို့ရာ အတ္တမဟုတ်၊ ဆံပင်အတွင်း၌ အတ္တ
လည်းမရှိ၊ ထို့ကြောင့် အနတ္တဖြစ်၏၊ အချိန်ရှိသ၍ ဖြစ်ပျက်
နေသော ရုပ်ကလာပ်အစုသာ ဖြစ်သောကြောင့် အနိစ္စ ဒုက္ခ
တို့သာ ဖြစ်လေသည်၊ ဤအချက်ကို ၀ိပဿနာဉာဏ်တည်း
ဟူသော မှန်အပြင်တွင် ထင်မြင်လာအောင် ဆင်ခြင်ရပါသည်။
(မွေးညှင်းစသည်) မွေးညှင်းစသော လေးပါးတို့၌လည်း အဆင်း
အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ, ပုံသဏ္ဍာန်အားဖြင့် စက်ဆုပ်
ဖွယ်ကောင်းပုံ, အနံ့အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ, သလိပ်,
သည်းခြေ, သွေး, ပြည်, ကျင်ကြီး, ကျင်ငယ်တို့ကြောင့်
ဖြစ်ရကား အကြောင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ,
ဖြစ်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံတို့ကို
ဉာဏ်ဖြင့် ဆင်ခြင်၍ ပထ၀ီဓာတ်လွန်ကဲသော
ရုပ်ကလာပ်သာ ဖြစ်ပုံကိုလည်းကောင်း, ပုဂ္ဂိုလ်, သတ္တ၀ါ,
သူ ငါ မဟုတ်ပုံကိုလည်းကောင်း, ရုပ်ကလာပ် အစုအဝေး
သာဖြစ်၍ ထိုရုပ်ကလာပ်တွင် ပထ၀ီဓာတ်၏ သတ္တိလွန်ကဲ
ပုံကို လည်းကောင်း, ၀ိပဿနာဉာဏ် တည်းဟူသော
မှန်ဝယ် ရှင်းရှင်းလင်းလင်း ထင်မြင်အောင် ဆင်ခြင်ရ
ကြည့်ရှုရပါသည်။
No comments:
Post a Comment