Friday, August 17, 2012

သည်းခံခြင်းစစ်စစ်


သည်းခံတယ်ဆိုတာ သိပ်သည်းတဲ့ သတိသပ္ပဇဉ်ရဲ့
ခံနိုင်ရည်ကိုပြောတာ။ အဂတိလေးပါး မည်သည့်ဘက်မျှ
မလားတော့ပါမှ `သည်းခံ´တယ်လို့ ဆိုနိုင်တယ်။
ကောင်းဆိုး လောဂဓံတွေကို မတုန့်ပြန်တော့မှသာ
သည်းခံရာရောက်တယ်။ ကြိုက်ပေါက် မကြိုက်ပေါက်
လာခလောက်သမျှ အံ့လောက်အောင် ခံနိုင်ရည်ပြည့်
နေစေရမယ်။ ဒီလိုသည်းခံပြီး နေတယ်ဆိုရာမှလည်း
ပေပြီးခံ ကြိတ်မှိတ်ခံနေတာမျိုးမဟုတ်ဘဲ
မေတ္တာ၊ ကရုဏာမပျက်တဲ့ ခံနည်းမျိုးနဲ့ ခံတာသာလျှင်
သည်းခံခြင်းအစစ် ဖြစ်တော့တယ်။
မိဘက သားသ္မီးဒဏ်ခံနိုင်တာ ချစ်ခြင်းမေတ္တာနဲ့
သံယောဇဉ်ကြောင့်။ အဲဒါ အနွံတာခံတယ်လို့
ခေါ်တယ်။ သည်းခံ အဆင့်မရောက်ဘူး။
လင်နဲ့မယား အပြန်အလှန်ဒဏ်ခံနေကြတယ်
ဆိုတာလည်း သည်းခံခြင်းအစစ် မဟုတ်သေးဘူး။
အနွံတာခံခြင်းမျှသာ။
ဝိပဿနာဦးသျှောင် ဆောင်ထားတဲ့၊
မိမိရဲ့အတွင်းထ ကိလေသာများကို
ချိုးနှိပ်ထားပြီးတဲ့ သူတော်ကောင်းကြီးများရဲ့
ခံနိုင်ရည်သာ သည်းခံခြင်း စစ်စစ်ဖြစ်တယ်။
ပုထုဇဉ်လောကမှာ အနွံတာခံခြင်းလောက်သာ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ ၀ါးသုံးရုံ သစ်တောစခန်းသြ၀ါဒ)

No comments:

Post a Comment