Thursday, August 16, 2012

မမြတ်တာရှုံးလို့

ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်တော်သီလမှာ `အဗြဟ္မာစရိယာ
ဝေရာမဏိ´ ဆိုတာ မမြတ်သောမေထုန်အမှုမှ ရှောင်ကြဉ်ပါ၏လို့
ဝန်ခံစောင့်ထိန်းကြတာမဟုတ်လား။ မေထုန်ကို မမြတ်ဘူးလို့
ဆိုထားတယ်။ ဘာကြောင့်မမြတ်တာလဲ။ မမြတ်တာရှုံးလို့။
ကျေးဇူးကြီးလှပါတယ်ဆိုတဲ့ မိဘကိုတော့ လုပ်မကျွေးဘဲ
မယားလုပ်ကျွေး၊ လင်လုပ်ကျွေးနဲ့ ကာမကြွေးဆပ်နေကြရသမျှ
အရှုံးပေါ်နေကြမှာပဲ။
မေထုန်အကျင့်မှာ နှလုံးသွေး ဆူပွက်ခြင်း၊ ရှိသမျှသွေးသားများ
လျှံတက်ခြင်း၊ သွေးကြောလေကြောတွေလည်း တခဲနက် ခက်ထန်
လာခြင်း၊ ရိုးတွင်းခြင်ဆီများ အရည်ပျော်ခြင်းအထိ ရုပ်ကိုဖျက်ဆီး
ပစ်လိုက်တယ်။ ဣနြေ္ဒမဆည်နိုင်အောင်လည်း စိတ်ကို ဖျက်ဆီးပစ်
လိုက်တယ်။ ရုပ်လည်းရှုံး၊ စိတ်လည်းရှုံး၊ ဘာဆိုဘာမှ သတိမရတော့
လောက်အောင် အရှုံးပေါ်စေတယ်။
အဲဒါကြောင့် ဥပုဒ်နေ့လေးတစ်နေ့တော့ဖြင့် အမြတ်ရကြပါ
စေရယ်လို့ အဗြဟ္မာစရိယာ ဝေရာမဏိလုပ်ကြရတယ်။
မမြတ်သော(၀ါ)ဘ၀ကို အရှုံးပေါ်စေသော


No comments:

Post a Comment