စိတ်ဆိုတာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တဲ့
သဘောရှိပါတယ်။ ဒါကြောင့် ယုတ်နှိမ့်ရာအရပ်
ဒုစရိုက်နယ်ပယ်ဟာ ကြံသိစိတ်ရဲ့ ကျက်စားရာ
စားကျက် ဖြစ်လာပါတယ်။ ဒါပေမဲ့ ၀က်ဆိုတာ
မစင်အညစ်အကြေးကိုသာ ခုံမင်လေ့ရှိပေမယ့်
ဆန်ကွဲထမင်း ကျိုကျွေးတော့လည်း စားသေးတာပဲ
မဟုတ်လား။ ကျွဲဟာ နွံမှာပျော်လေ့ရှိပေမယ့်
ရေထဲမောင်းချတော့လည်း ကူးသေးတာပဲ မဟုတ်လား။
ဒီလိုပဲ၊ စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်နေပေမယ့်
ပြုပြင်ပေးရင် ကောင်းလာနိုင်ပါတယ်။ အယုတ်မှ
အမြတ်သို့ တွန်းတင်ပေးနိုင်ပါတယ်။ အမြတ်မှ အပြတ်သို့
(ဘ၀ချုပ်ပြတ်ရာ နိဗ္ဗာန်သို့) ရောက်နိုင်ပါသေးတယ်။
`ပါသေးတယ် . . . ပါသေးတယ်´လို့ ပြောရတာက
မှောက်ထားတဲ့လက်ဝါး လှန်ရသလောက်တော့
မလွယ်လို့ပါပဲ။ စိတ်ဆိုတာက ခွေးမြီးကောက် ကျည်တောက်
စွပ်တာထက်တောင် ခက်ပါသေးတယ်။
လျော့တိလျော့ရဲ့အားထုတ်ပုံမျိုး၊ စမ်းကြည့်ရုံမျိုးနဲ့တော့
အယုတ်မှ အမြတ်သို့ မတတ်သာဘူး။
အမြတ်မှအပြတ်သို့ကား ဝေလာမှဝေး၊ မြဲမြံသောစိတ်
မြဲမြံသောသတိ ဖြင့်သာ မြင့်ရာမြတ်ရာမှသည်
နိဗ္ဗာန်ဆီအထိ ဆိုက်ရောက်နိုင်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရသြ၀ါဒ)
No comments:
Post a Comment