Friday, August 17, 2012

မတူတာလေးတွေ ပြောရအောင်


သူတစ်ပါးအသက် သက်သည့်အတွက် ကိုယ့်မှာအသက်တို။
မသက်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ပို။

နှိပ်စက်တတ်သူ ညှင်းဆဲသူ ပြောထူရောဂါဆို။
သနားစိတ်သွင်း ညှင်းဆဲကင်း ကင်းရှင်းရောဂါဆို။

ပြင်းထန်ဒေါသ ကြီးတက်က အလှပျက်မည်ဆို။
ဒေါသကင်းစင် မေတ္တာရှင် ကြည်လင်လှပကိုယ်။

မနာလိုပြန် ဣသာထန် ခြွေရန်ကင်းမည်ဆို။
ဣသာမထား ၀မ်းမြောက်သွား ပေါများခြွေရန်ကိုယ်။

မလှူမတန်း မပေးကန်း ခြောက်ခန်းဥစ္စာဆို။
စွန့်ကြဲပေးထုံ ပြုပါကုန် ကုံလုံကြွယ်ဝပို။

မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်လှသကို။

သိဖွယ်ဟူသမျှ မမေးက ဖျင်းအပညာဆို။
ကြားမြင်များအောင် မေးလေ့ဆောင် ခု,နောင်တတ်သိပို။

သုဘလုလင် မေးလျှောက်တင် ဘုရားရှင်မှ ထုတ်ဖော်ပြ။
မဟာဂန္ဓာရုံဆရာတော်

No comments:

Post a Comment