ကာမကုသိုလ်ဆိုတာ အလိုနဲ့ရင်းထားတဲ့အတွက်
အလိုကိုပဲ အကျိုးပေးတတ်တယ်။
အလိုရမ္မက်ရဲ့ နှိပ်စက်ခြင်း၊ အလိုရှိရာဝတ္ထု
အာရုံတို့၏ ဖျက်ဆီးခြင်းတို့ကို လှလှကြီး ခံကြရစမြဲ။
ဒီနေ့ ကာမလောကသားတွေဟာ သူ့ကြိုက်ပစ္စည်း၊
ကိုယ့်ကြိုက်ပစ္စည်း၊ သူ့အာရုံ၊ ကိုယ့်အာရုံ
လဲယူသုံးစားနေကြတယ် မဟုတ်ပါလား။
အလို အလိုချင်း ဖြည့်တင်းပေးနေကြတယ်။
အလို အလိုချင်း စစ်ခင်းနေကြပါတယ်။
လင်နဲ့မယားဆိုတဲ့ အိမ်ထောင်ရေးဘ၀တွေကို
ကြည့်လိုက်စမ်းပါ။ အလိုတူအလိုပါ လိုချင်တာရ
ဘ၀ပြီးစတမ်းနဲ့ပဲ စခန်းဖွင့် စခန်းသိမ်းနေကြတယ်
မဟုတ်ပါလား။ အစကတော့ သူစိမ်းနှစ်ဦး၊
လင်မယားဘ၀မှာ တစ်ပူးတွဲတွဲ၊
ဒီလိုခွဲမရအောင် အလိုဆန္ဒက ချုပ်နှောင်ထားလိုက်တာ
သူခေါ်ရာလိုက် သူ့အကြိုက်ဆောင်၊
သူနှောင်ရာ အသာနေနဲ့ တွေဝေမိန့်မော
ကာမတောမှာပဲ တ၀ဲလည်လည် နေကြရပါတယ်။
အလိုနဲ့ရင်းပြီး အလိုကိုပဲအကျိုးပေးတတ်တဲ့
ကာမကုသိုလ်အဆင့်က မြင့်တက်အောင်
ကြိုးစားကြစမ်းပါ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
No comments:
Post a Comment