Thursday, August 16, 2012

အနိစ္စ၊ ဒုက္ခ၊ အနတ္တ

၁. လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊
   ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၂.ပြောတိုင်းမရ ဒေါမထနှင့်၊
  ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၃.ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊
  ကြံစည်တိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၎.ဆင်းရဲကြုံမှု မညီးညူနှင့်၊
  ချမ်းသာချည်းသာ ကြုံနေပါက ဘယ်မှာ ဒုက္ခရှိမည်နည်း။
၅.ပျက်စီးတိုင်းလျှင် မပူပင်နှင့်၊
   မပျက်စီးပါ ခိုင်မြဲပါက ဘယ်မှာ အနိစ္စရှိမည်နည်း။
၆.အာရုံဟူသမျှ မတောင်းတနှင့်၊
   အာရုံတိုင်းသာ တောင်းတပါက ဘယ်မှာ လောဘဆုံးမည်နည်း။
၇.အရာရာမျိုး စိတ်မဆိုးနှင့်၊
   နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
၈.သိဉာဏ်မလိုက် ငါမမိုက်နှင့်၊
   သိဉာဏ်မလိုက် ငါမိုက်ပါက ဘယ်မှာ မောဟဆုံးမည်နည်း။
၉.ဘုရား၊တရား မေ့မထားနှင့်၊
   ဆုံးမတိုင်းသာ (ကျင့်ကြံပါက၊ လိုက်နာပါက) ဘယ်မှာ နိဗ္ဗာန်ဝေးမည်နည်း။

No comments:

Post a Comment