စစ်ကိုင်းတောင်ရိုး
သီရိသုမနချောင် မဂ္ဂင်ဓမ္မရိပ်သာ
"ဆရာတော် ဥူးသုမန"
ရေးသားပြုစုအပ်သော
မိုးကုတ်ဝိပဿနာ
ဉာတပရိညာစခန်း
အခြေခံပဋိစ္စသမုပ္ပါဒ်သင်တန်း
သင်ခန်းစာ (၂၂)
ဆရာ။ ။ ဒီသင်ခန်းစာမှာတော့ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိဿယအတိုင်း တရားအား
ထုတ်ပုံ အားထုတ်နည်းကို ပြောပြပါမယ်။
တရားအားမထုတ်မီ ရှေးအဖို့၌ ထုံစံအတိုင်း သီလခံယူခြင်း၊
ခန္ဓာကိုယ်လှူဒါန်းခြင်း၊ ကမ္မဋ္ဌာန်းတောင်းခြင်း၊ အပြစ်မှ ခွင့်လွှတ်ရန်
တောင်းပန်ခြင်း၊ အဓိပတိတစ်ခုခုကို လက်ကိုင်ထားခြင်း၊ ယုံကြည်ချက်
ထားခြင်း အစရှိသည်တို့ကို ပုဗ္ဗကိစ္စ (၀ါ) ရှေးဦးစွာပြုရမည့် အမှုကိစ္စတို့
ကို တရားအားထုတ်ခါနီးတိုင်း မပြုလျှင်မဖြစ် ဧကန်မုချ ပြုရမှာဖြစ်ပါတယ်။
(၁) သီလခံယူခြင်း
ရဟန်း, ယောဂီဖြစ်လျှင် ရဟန်းတို့ သီလအလိုက်၊ သာမဏေ
ယောဂီ ဖြစ်လျှင် သာမဏေတို့ သီလအလိုက် မိမိတို့ ထိန်းသိမ်းစောင့်
ရှောက်အပ်သော သီလကို စင်ကြယ်လျှင်လည်း စင်ကြယ်သည့်အလျောက်
အကယ်၍ သင့်ရောက်ပြီးသော အပြစ်ရှိလျှင်လည်း ထိုအပြစ်ကို ဆိုင်ရာ
ဒေသနာကံဖြင့် ကုစား၍ စင်ကြယ်ပြီးဖြစ်စေရပါမည်။
လူယောဂီဖြစ်လျှင်လည်း လူတို့နှင့်ဆိုင်ရာ ငါးပါးသီလ,
ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလတို့တွင် အောက်ထစ်ဆုံးအားဖြင့်
ငါးပါးသီလကို ခံယူဆောက်တည်ရမှာ ဖြစ်ပါတယ်။
(၂) ခံန္ဓာကိုယ်ကို လှူဒါန်းခြင်း
အို, နာ, သေ ဒုက္ခ၀ဋ်မှ ကျွတ်လွတ်လို၍ တပည့်တော်/
တပည့်တော်မ ၏ တရားအားထုတ်ဆဲဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရား
ကြီးကို ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားအား လှူဒါန်းပါ၏။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးအား လှူဒါန်းပါ၏။
(၃) ကမ္မဋ္ဌာန်းတောင်းခြင်း
အို, နာ, သေရေး ဒုက္ခဘေးကြီးတို့မှ ငြိမ်းရာငြိမ်းကြောင်း၊
သိမ်းရာသိမ်းကြောင်း၊ အကောင်းဆုံးဖြစ်သော ၀ိပဿနာကမ္မဋ္ဌာန်း
တရားတော်မြတ်ကြီးကို တပည့်တော်/မ အား ကရုဏာ ရှေးရှုသနားမှုဖြင့်
ပေးသနားတော် မူပါအရှင်ဘုရား။
(၄) အပြစ်မှ တောင်းပန်ခြင်း
သံသရာမှစ၍ ယနေ့တိုင်အောင် အရိယာအပေါင်း သူတော်ကောင်းကြီး
တို့အပေါ်၍ ကာယကံ, ၀စီကံ, မနောကံဖြင့် သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ
အမှတ်တမဲ့ဖြစ်စေ၊ တမင်တကာဖြစ်စေ ပြစ်မှားကျူးလွန်မိသော အပြစ်ကြီး၊ ငယ်၊
တစ်စုံတစ်ရာ ရှိခဲ့ပါလျှင် သည်းခံတော်မူကြပါ၊ ခွင့်လွှတ်တော်မူကြပါ၊ ကျေအေး
တော်မူကြပါ။ အကျွန်ုပ်အပေါ်၌ ပြစ်မှားထားသော ပုဂ္ဂိုလ်များ ရှိခဲ့ပါလျှင်လည်း
သည်းခံပါ၏၊ ကျေအေးပါ၏။
(၅) အဓိပတိထားခြင်း
ဝိပဿနာအလုပ် တရားဓမ္မကို အားထုတ်တိုင်း၊ အားထုတ်တိုင်း
အဓိပတိ တရား (၃)ပါးတို့တွင် တစ်ပါးပါးကို လက်ကိုင်ထား၍ အားထုတ်ရမှာ
ဖြစ်ပါတယ်။
(က)အတ္တာဓိပတိ။ ။မိမိကိုယ်ကို အကြီးအကဲမြှောက်ထင်ပြီး အဓိပတိထား၍
အားထုတ်ခြင်း။
(ခ)လောကာဓိပတိ။ ။ပတ်ဝန်းကျင် လောကကြီးကို ငဲ့ကွက်ရှက်ကြောက်ပြီး
သကာလ အဓိပတိထား၍ အားထုတ်ခြင်း။
(ဂ)ဓမ္မာဓိပတိ။ ။ဘုရားသခင်ကိုယ်တော်မြတ်ကြီး (၄၅)၀ါမျှ ကာလပတ်လုံး
ဟောကြားဆုံးမတော်မူခဲ့သော ဓမ္မက္ခန္ဓာတရားတော်
တွေကို အဓိပတိထား၍ အားထုတ်ခြင်းဟူ၍
အဓိပတိ(၃)ပါးရှိရာမှ မိမိကိုယ်ကို အကြီးအကဲ မြှောက်တင်ပြီးသကာလ
အဓိပတိထား၍ အားထုတ်ခြင်းဆိုတဲ့ အတ္တာဓိပတိကို နှလုံးသွင်းဖြစ်ရုံမျှ
အကျဉ်းချုံးပြီး လိုရင်းကိုပဲ ပြောပြမှာ ဖြစ်ပါတယ်။
(က)အတ္တာအဓိပတိ
(၁) ငါသည် စားစရာ သောက်စရာမရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၂) ၀တ်စရာ၊ ခြုံစရာ၊ အ၀တ်အထည်မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၃) နေစရာ၊ ထိုင်စရာ အိုးအိမ်မရှိလို့ တရားအားထုတ်တာ မဟုတ်ဘူး။
(၄) ဒီခန္ဓာကိုယ် အတ္တဘောကြီးကို ကျန်းမာစေဖို့၊ ချမ်းသာစေဖို့
အန္တရာယ်ကင်း ဘေးရှင်းဖို့ ဆေးဝါးအလို့ငှာ တရားအားထုတ်တာ မဟုတ်ဘူး။
(၅) လူချမ်းသာ၊ နတ်ချမ်းသာ ဆိုတဲ့ ဘ၀ကောင်းစားရေးကို အလိုရှိလို့
တရားအားထုတ်တာ မဟုတ်ဘူး။
(၆) ငါသည် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဟု ဆိုအပ်သော ပဋိသန္ဓေနေခြင်း၊
နေခြင်း ဆိုးဘေး၊ အိုခြင်း ဆိုးဘေး၊ နာခြင်း ဆိုးဘေး၊ သေခြင်း ဆိုးဘေးကြီး
တွေနဲ့ ရောထွေး၍နေသော ရုပ်နာမ်ခန္ဓာ သံသရာဝဋ် ဒုက္ခကြီးကို ကြောက်လွန်း၊
ရွံလွန်းလို့၊ မုန်းလွန်းလို့၊ ၎င်းဝဋ်ဒုက္ခအပေါင်းတို့မှ ကျွတ်ခြင်း၊ လွတ်ခြင်း
ဉာဏ်အလင်းကို အလိုရှိ၍သာလျှင် အားထုတ်ခြင်း အမှန်ဖြစ်ပါတယ်။
ဒီလိုစိတ်ထားခြင်း နှလုံးသွင်းခြင်းကို အတ္တာအဓိပတိလို့ ခေါ်ပါတယ်။
အဲဒီစိတ်ထားနှလုံးသွင်းနဲ့ တရားဓမ္မအလုပ်ကို ကြိုးစား၍အားထုတ်ကြပါ။
(၆) ယုံကြည်ချက်ထားခြင်း
သံသရာနဲ့အမျှ တစ်ခါမျှ အားမထုတ်ခဲ့ရဘူးသေးတဲ့ (၄)အသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
(၈)အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ်
အားထုတ်မှုအလုပ်ကြီး။
(၁၆)အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထိုက်တန်တဲ့ တရားထူး တရားမြတ်
အားထုတ်မှုအလုပ်ကြီး။
ဘုရားအစရှိသော အရိယာအပေါင်း သူတော်ကောင်းကြီးတို့ နှစ်ထောင်း
အားရ ကျေနပ်ဝမ်းမြောက်တော်မူကြတဲ့ တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးလည်း အလိုလားဆုံး၊
အနှစ်ခြိုက်ဆုံး၊ ၀မ်းအမြောက်ဆုံး ဖြစ်တော်မူတဲ့ တရားထူး တရားမြတ် အားထုတ်မှု
အလုပ်ကြီး။
မိမိတို့ကို အို,နာ,သေရေး ဒုက္ခဘေးကြီးတို့မှ လုံးဝငြိမ်းအေးရာဌာနသို့
မုချဧကန် အမှန်ပို့ပေးမယ့် တရားထူး တရားမြတ် အားထုတ်မှုအလုပ်ကြီး။
ဒီလောက် ထူးခြားမြင့်မြတ်တဲ့ တရားထူး တရားမြတ် အားထုတ်မှု
အလုပ်ကြီးကိုဖြင့် တိုက်တိုက်ဆိုင်ဆိုင်၊ ကြုံကြုံ ကြိုက်ကြိုက်၊ ဆုံဆုံ ဆည်းဆည်း၊
ဆိုက်ဆိုက် မြိုက်မြိုက် အားထုတ်ခွင့်ရသေ ငါသည် အပါယ်(၄)ပါးဘေးမှ
ဧကန်မုချ ကင်းဝေးရတော့မှာပါကလား။
အဲဒီ ယုံကြည်ချက်အပြည့်နဲ့ တရားဓမ္မအလုပ်ကို ကြိုးစားအားထုတ်ကြပါ။
တရားအားထုတ်ရာ၌ သွား, ရပ်, ထိုင်, လျောင်းဆိုတဲ့ ဣရိယာပုတ်(၀ါ)
ဣရိယာပထ (၄)မျိုးရှိရာမှာ ထိုင်းခြင်း ဣရိယာပုတ်နဲ့ အားထုတ်ပုံ အားထုတ်နည်းကိုပဲ
ပြောပြပါမယ်။
*ခန္ဓာကိုယ်အနေအထား*
ယေဘုအားဖြင့် အမျိုးသားယောဂီတွေက တင်ပျဉ်ခွေ၍ထိုင်ပါ။
အမျိုးသမီးယောဂီတွေကတော့ ကျုံ့ကျုံ့ထိုင်ပါ။
သို့သော် မရွှေ့မပြောင်း မလှုပ်မရှား၊ မပြင်မဆင်ဘဲနဲ့ မိမိတို့ အကြာဆုံး
ထိုင်နိုင်တဲ့ အသက်သာဆုံး အနေအထားဖြင့်လည်း အားထုတ်နိုင်တယ်လို့ မှတ်ပါ။
ခါးကို ဖြောင့်ဖြောင့်ထားပါ။ ရှေ့ကိုလည်း ကုန်းမနေပါစေနဲ့၊ နောက်ကိုလည်း
လန်မနေပါစေနဲ့၊ ဘေးကိုလည်း ယိုင်မနေပါစေနဲ့၊ ခါးရိုးခါးဆစ်တွေ တည့်မတ်နေပါစေ။
လည်တိုင်ကိုလည်း မတ်မတ်ကလေးထားပါ။ ခေါင်းငုံ့မနေပါစေနဲ့၊ ခေါင်းမော့
လွန်း မနေပါစေနဲ့၊ ဘေးကိုလည်း စောင်းမနေပါစေနဲ့၊ အသက်ရှုလမ်းကြောင်း ရှိုက်လမ်း
ကြောင်းတွေ ဖြောင့်တန်းနေပါစေ။
လက်အနေအထားနဲ့ ပတ်သက်လို့လည်း ဘယ်လက်ဝါးကိုဖြန့်၍ အောက်က
ထားပြီး ညာလက်ဝါးကို အပေါ်က ထပ်၍ လက်မအဖျားချင်း ထိသည်ဆိုရုံမျှ ထိထားပါ။
*မှတ်ချက်။ ။ (သတိ၊ ၀ီရိယကို အထောက်အကူပြုသည့် လက်အနေအထားလို့ မှတ်ပါ။)
နှုတ်ခမ်းလွှာနှစ်ခုကို စေ့သည်ဆိုရုံမျှ စေ့၍ ပိတ်ထားပါ။ ပါးစပ်ဟပြီး အားမ
ထုတ်ရပါဘူး။
မျက်လွှာနှစ်ခုကိုလည်း အာရုံနိမိတ်မှ ကင်းဆိတ်သည်ဆိုရုံမျှ၊ မှေးသည်ဆိုရုံ
ကလေးမှိတ်ထားပါ။ အလွန်ကြီးလည်း မမှိတ်ရပါဘူး။ မှိတ်လွန်းအားကြီးတော့လည်း
မျက်ရည်ပူတွေ ထွက်လာတတ်ပါတယ်။(၀ါ) မလိုလားအပ်တဲ့ အရောင်အဆင်းတွေလည်း
ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် မှေးသည်ဆိုရုံကလေးသာ မှိတ်ပါ။
*သမာဓိထူထောင်ပုံ (၀ါ) အားထုတ်ပုံ*
ဝင်လေထွက်လေနဲ့ ပတ်သက်လို့ကတော့ မှန်မှန်ရှုထုတ်ပါ။ မှန်မှန်ရှိုက်သွင်းပါ။
ပြင်းပြင်းထန်ထန် မရှုမရှိုက်ရပါ။ ပြင်းပြင်းထန်ထန်ကြီး ရှုရှိုက်တော့လည်း အမောဖောက်
လာတတ်တယ် (၀ါ) အတ္တကိလမထနုယောဂ ဖြစ်၍ နည်းမှားသွားမယ်။ သိမ်မွေ့လွန်းစွာ
ရှုရှိုက်ပြန်တော့လည်း ထင်ထင်ရှားရှား မသိသာပေဘူး။ ဒါ့ကြောင့် မိမိကိုယ်မိမိ ရှုထုတ်မှန်း
ရှိုက်သွင်းမှန်း သိသာရုံမျှ ရှုရှိုက်ပါ။
နှာသီးဖျား (သို့မဟုတ်) နှုတ်ခမ်းဖျားမှာ မိမိတို့ကြိုက်ရာနေရာ၌ သတိ ကလေး
ကပ်ထားပါ။ လေးကလေး ရိပ်ခနဲ ထိဝင်လာရင် "၀င်ပြန်ပြီ" လို့ သိပေးလိုက်ပါ။ ရိပ်ခနဲ
ထိထွက်ပြန်ရင် "ထွက်ပြန်ပြီ" လို့ သိပေးလိုက်ပါ။ ဒီနည်းအားဖြင့် ထိဝင်ရင် သိပေးလိုက်၊
ထိထွက်ရင် သိပေးလိုက်၊ ၀င်တိုင်းသိ, ထွက်တိုင်းသိ, ထိဝင်တာနဲ့ သိတာနဲ့ ထိထွက်တာ
နဲ့ သိတာနဲ့ အံကျအံကျ ဖြစ်နေပါစေ။
*မှတ်ချက်။ ။(၀င်တိုင်းသိ ထွက်တိုင်းသိ အားထုတ်ရာမှာ လေနောက်ကို လုံးဝမလိုက်ရပါ။
မိမိတို့ သတိကလေးကပ်ထားတဲ့ နှာသီးဖျား (သို့မဟုတ်) နှုတ်ခမ်းဖျားမှာပဲ လေကလေး
ရိပ်ခနဲ ထိဝင်ရင် ထိဝင်တဲ့ အခိုက်အတန့်ကလေးကို ထိဝင်ရာ နေရာကလေးမှာ ပဲ သတိ
လေးစိုက်ပြီးတော့ "၀င်ပြန်ပြီ" လို့ အသိကလေး လိုက်ပေးလိုက်ရုံပါပဲ။ ရိပ်ခနဲ ထိထွက်ပြန်
ရင် ထိထွက်တဲ့ အခိုက်အတန့်ကလေးကို ထိထွက်တဲ့ နေရာကလေးမှာပဲ သတိလေးစိုက်ပြီး
"ထွက်ပြန်ပြီ" လို့ အသိကလေး လိုက်ပေးလိုက်ရုံပါပဲ။)
ဝင်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်လျက် သမာဓိထူထောင်ဆဲအခါမှာ
ခန္ဓာကိုယ်ကို မလှုပ်ရှားစေရပါ။ ငိုက်ခနဲ စိုက်ခနဲ မဖြစ်စေရပါ။ ရှေ့တိုးနောက်ငင်နဲ့ ယိမ်းထိုး
၍လည်း မနေစေရပါ။ ခေါင်းငုံ၍လည်း မနေစေရပါ။
မိမိတို့ အားထုတ်ဆဲဖြစ်သော ၀င်လေသိ ထွက်လေသိ အလုပ်မှလွဲ၍ တခြား
ဘာကိုမျှလည်း ဂရုမစိုက်ရပါ။
ဝင်လေသိ ထွက်လေသိဆိုတဲ့ သမာဓိအခိုက်မှာ အာရုံနောက်သို့လည်း လုံးဝ
မလိုက်ရပါ။
ဝီရိယကိုလည်း မလျော့စေရပါ။ သတိကိုလည်း မပေါ့စေရပါ။ အာရုံတစ်ပါး
အခြားသို့လည်း မသွားစေရပါ။ မလစ်စေရပါ။ မလွတ်စေရပါ။
*ဆရာ။ ။ ၀င်လေသိ ထွက်လေသိ အားထုတ်ရာမှာ ကြိုးစားပြီး အားထုတ်နေတဲ့
သဘောကလေးက သမ္မာဝါယမမဂ္ဂင်၊ အလစ်မပေးတဲ့ သဘောကလေး
က သမ္မာသတိမဂ္ဂင်၊ အာရုံတစ်ပါး အခြားသို့ မသွားစေတဲ့ သဘောကလေး
က သမ္မာဓိမဂ္ဂင်။ ဒီတော့ ၀င်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်နိုင်
ပြီဆိုရင်ပဲ သမာဓိမဂ္ဂင် (၃)ပါး ကိုယ်ပိုင်ရနေတယ်လို့ မှတ်ယူ နိုင်ပါတယ်။
ဒီတော့ ၀င်လေသိ ထွက်လေသိ အလုပ်ကို အားထုတ်နိုင်ပြီ
ဆိုရင်ပဲ သမာဓိမဂ္ဂင်-(၃)ပါး ကိုယ်ပိုင်ရနေတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဝိပဿနာအစ ၀င်လေသိ ထွက်လေသိက ဆိုသည့်အတိုင်း
ဝိပဿနာအလုပ်ကို အားထုတ်ဖို့အရေးမှာ ၀င်လေသိ ထွက်လေသိ
ဆိုတဲ့ သမာဓိအလုပ်ကို ပဏာမ ရှေးပြေးအဖြစ်ဖြင့် ထူထောင်ပေးရ
တယ်လို့မှတ်ပါ။
*၀ိပဿနာသို့ကူးပုံ*
အထက်ပါအတိုင်း ၀ီရိယမလျော့စေဘဲလျက် သတိမပေါ့စေဘဲလျက်
စိတ်ကိုလည်း အာရုံတစ်ပါး အခြားသို့ မသွားစေဘဲလျက် အနည်းဆုံး(၅)မိနစ်၊
(၁၀)မိနစ်၊ (၁၅)မိနစ်၊ မိနစ်(၂၀) စသည်အားဖြင့် ၀ိပဿနာရှုပွား၍ ဖြစ်နိုင်
လောကရုံမျှ သမာဓိကလေးတည်အောင် ထူထောင်နိုင်ပြီိဆိုရင် ၀င်လေသိ
ထွက်လေသိ အလုပ်ကိုလွှတ်၍ ၀ိပဿနာအားထုတ်မှုအလုပ်သို့ ကူးပြောင်းရမှာ
ဖြစ်ပါတယ်။
ဝိပဿနာရှုပွားရာ၌ ထူထောင်ပြီးတဲ့ သမ္မာဓိမဂ္ဂင်-(၃)ပါးအပေါ်မှာ
ပညာမဂ္ဂင်-(၂)ပါး (သမ္မာသင်္ကပ္ပမဂ္ဂင်၊ သမ္မဒိဋ္ဌိ မဂ္ဂင်) ထပ်ဆင့်၍ ခန္ဓာကိုယ်
ထဲမှာ ဘယ်သဘောတွေ ပြောနေပါလိမ့်၊ ဘယ်လိုတွေ ဆိုနေပါလိမ့်၊ ဘယ်ပုံ
စံတွေ ပြနေပါလိမ့် ဆိုတာတွေကို စောင့်ကြည့်၍ အကဲခတ်နေရုံပါပဲ။
ခန္ဓာ့သဘော ငါမရောစေမူ၍၊ ခန္ဓာ့အပြင်ဘက် ဉာဏ်မထွက်စေမူ၍၊
ခန္ဓာက ဘာပြောတယ်ဆိုတာကို ဉာဏ်မျက်ခြည်မပြတ်တမ်း ခန္ဓာထဲမှာဉာဏ်
ကလေးနဲ့ လှည့်ပတ်ပြီး စောင့်ကြည့်အကဲခတ်နေတဲ့အလုပ်၊(၀ါ) တွေးလုံးထုတ်
နေတဲ့အလုပ် (၀ါ) သုံးသပ်နေတဲ့အလုပ် (၀ါ) ဝေဖန်ပိုင်းခြားနေတဲ့ အလုပ်ကို
ဝိပဿနာအားထုတ်တယ်လို့ ခေါ်တာပါပဲ။
ထိုကဲ့သို့ ခန္ဓာထဲမှာ ဉာဏ်ကလေးနဲ့ စောင့်ကြည့်အကဲခတ်နေစဉ်မှာပဲ
ခန္ဓာထဲက ထင်ရှားတဲ့ အမူအရာကလေးတစ်ခု ပေါ်လာတယ်ဆိုရင် ၎င်းအမူအရာ
ကလေး၏ ရှေ့အမူအရာနဲ့ နောက်အမူအရာ တူ-မတူ၊ ပြောင်း-မပြောင်း၊
ပျက်-မပျက်ကို ဉာဏ်ထဲမှာ ထင်ရှားလာသည့်တိုင်အောင် အကဲခတ်ဝေဖန်နေဖို့
(၀ါ) ဉာဏ်မေးခွန်းလေးတွေ မေးနေဖို့ပဲ ဖြစ်ပါတယ်။
(ဥပမာ)။ ။ နာမှုကလေးက သိပ်ပြီးထင်ရှားနေတယ် ဆိုကြပါစို့။
ဒီနာတဲ့ သဘောကလေးကိုပဲ ဉာဏ်မေးခွန်းတွေ မေးပြီး
လိုက်နေရုံပါပဲ။
"နာတာဟာ ငါလား"
"နာတတ်တဲ့ငါ ရှိပါရဲ့လား"
"ငါမဟုတ်လို့ရှိရင် ငါ့မှာ မနာရပါဘူး"
"ငါမဟုတ်သဖြင့် နာပြနေတာပါလား"
"နာတ်တဲ့ ခန္ဓာကြီး ရထားလို့ နာတဲ့သဘော သူပြောတာပါလား"
"ဒါဖြင့်... နာတယ်ဆိုတာသည် ငါ့သဘော မပါပါလား"
"ခန္ဓာ့သဘော ခန္ဓာက ပြောနေတာပါကလား"
ဤကဲ့သို့အားဖြင့် ဒီနေရာမှာ ဆုံးဖြတ်ချက် တစ်ကြိမ်ချပေးလိုက်ပါ။
"ငါ့သဘော မပါပါလား"လို့ ဆုံးဖြတ်ချက် ချနိုင်တော့ အတ္တဒိဋ္ဌိ (၀ါ)
သက္ကာယဒိဋ္ဌိ ပြုတ်ပါတယ်။
"ခန္ဓာ့သဘော ခန္ဓာက ပြောတာပါကလား" လို့ ဆုံးဖြတ်ချက်ချနိုင်တော့
အနတ္တဉာဏ် (၀ါ) သမ္မာဒိဋ္ဌိဉာဏ် ရပါတယ်။
အတ္တဒိဋ္ဌိပြုတ်တော့ အပါယ်တံခါး ပိတ်ခြင်း ကျေးဇူးများပါတယ်။
အနတ္တဉာဏ်ရတော့ နိဗ္ဗာန်တံခါး ပွင့်ခြင်း ကျေးဇူးများပါတယ်။
သို့သော် ဒီမျှတွင် ရပ်မနေပါနဲ့၊ ဉာဏ်မေးခွန်းလေးတွေ အဆက်မပြတ်
မေးပေးပါ။ (၀ါ) ဉာဏ်တွေးလုံးလေးတွေ အဆက်မပြတ် တွေးလိုက်သွားပါ။
"ဒီ... နာတဲ့ သဘောလေးဟာ ဘယ်လိုနာနေပါလိမ့်၊ ဘယ်ပုံစံ
နာနေ ပါလိမ့်၊ ဘယ်သဘော နာနေပါလိမ့်"
"ဒီ... နာတဲ့ သဘောလေးဟာ မပြောင်းတော့ဘူးတဲ့လား"
မပျက်တော့ဘူးတဲ့လား။
မြဲမြံနေသလား။
ခိုင်ခံ့နေသလား။
တည်တံ့နေသလား။
တနာတည်း နာနေသလား။
တစ်ဆက်တည်း နာနေသလား။
တရှိန်တည်း နာနေသလား။
ထိုကဲ့သို့ ဉာဏ်မေးခွန်းကလေးတွေ အဆက်မပြတ် မေးခွန်းထုတ်တတ်
ခဲ့သည်ရှိသော်(၀ါ) ဉာဏ်တွေးလုံးကလေးတွေ အဆက်မပြတ် တွေးလုံးထုတ်
တတ်ခဲ့သည်ရှိသော်-
နာတဲ့သဘောကလေး၏ ရှေ့အမူအရာနဲ့ နောက်အမူအရာ မတူ
ပြောင်းလဲ နေပုံတွေ(၀ါ) အသစ်အဟောင်း ပြောင်းလဲနေပုံတွေသည်
တွေးရင်းတွေးရင်းနဲ့ပဲ ဉာဏ်ထဲမှာ ရှင်းလာမှာ အမှန်ဖြစ်ပါတယ်။
ရှေ့အမူအရာနဲ့ နောက်အမူအရာမတူ ပြောင်းလဲသွားတာလေး
တစ်ချက်ကို(၀ါ) အသစ်အဟောင်း ပြောင်းလဲသွားတာလေး တစ်ချက်ကို
တွေးနေတဲ့ ဉာဏ်ထဲမှာ တစ်ခါရှင်းသွားလျှင်ဖြင့် ဖြစ်ပျက်ကို တစ်ကြိမ်
မြင်တာပဲလို့ မှတ်ယူလိုက်ပါ။
ဒါကြောင့် မိုးကုတ်ဥပနိဿယ က "ဖြစ်ပျက်ရှု" "ဖြစ်ပျက်ရှု"
ဆိုလို့ ပါးစပ်က "ဖြစ်ပျက်" "ဖြစ်ပျက်" နဲ့ မြည်နေရမှာ မဟုတ်ပါဘူး။
ခန္ဓာထဲမှာ ရှေကအမူအရာနဲ့ နောက်အမူအရာ မတူဘဲ ပြောင်းလဲနေပုံ
တွေ (၀ါ) အသစ်အဟောင်း ပြောင်းလဲနေပုံတွေကို ဉာဏ်ထဲမှာ ရှင်း
လာသည့်တိုင်အောင် ဉာဏ်မေးခွန်းတွေ ထုတ်နေရုံပါပဲ။
ဒါဖြင့်... အတွေးကောင်းလျှင်၊ ခန္ဓာ၏ ဖြစ်ပျက်သဘောတွေ
ကို မှန်မှန် ကန်ကန် သိနိုင်တာပါပဲ။
ဒီတော့... ၀ိပဿနာဉာဏဆိုတာသည် တွေးမှသိရတဲ့
သဘောဖြစ်ခြင်းကြောင့် ၀ိပဿနာဉာဏ်ကို တွေးသိလို့ မှတ်ယူရပါမယ်။
ဤနည်းအားဖြင့် ညောင်းမှုထင်ရှားရင် ညောင်းမှုကိုရှု။
အောင့်မှုထင်ရှားရင် အောင့်မှုကိုရှု၊
ယားမှုထင်ရှားရင် ယားမှုကိုရှု။
ပူမှုထင်ရှားရင် ပူမှုကိုရှု။
ထုံကျင်မှုထင်ရှားရင် ထုံကျင်မှုကိုရှု။
ကိုက်ခဲမှုထင်ရှားရင် ကိုက်ခဲမှုကိုရှု။
ဘယ်ဟာမျှ မထင်ရှားခဲ့လျှင် ၀င်လေစိတ်၊ ထွက်လေစိတ်ကိုပဲ..
* ရိပ်ခနဲ ရိပ်ခနဲ ထိဝင်တဲ့ သဘောကလေးဟာ ထိဝင်ပြီး မရှိဘူး၊
ပျက်သွားပုံကိုလည်းကောင်း။
* ရိပ်ခနဲ ရိပ်ခနဲ ထိထွက်တဲ့ သဘောကလေးဟာ ထိထွက်ပြီး မရှိဘူး၊
ပျက်သွားပုံကိုလည်းကောင်း၊
ဉာဏ်အားလပ်မှုမရှိအောင် ရှုပေးရမည်ဖြစ်ပါတယ်။
ထိုကဲ့သို့ အ အားမရှိ- အနားမရှိအောင် ရှုပွားနိုင်လို့ မိမိတို့
ဉာဏ်ထဲမှာ အပျက်ကို သဘောကျရင် သဿတဒိဋ္ဌိ ပြုတ်နေတာပါပဲ။
အဖြစ်ကို သဘောကျရင်လည်း ဥစ္ဆေဒဒိဋ္ဌိ ပြုတ်နေတာပါပဲ။
ဖြစ်ပျက်ကို သဘောကျကတည်းက သက္ကာယဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ
တို့ကလည်း ပြုတ်နေပြီး ဖြစ်ပါတယ်။
ဒါကတော့ ပွားမှုနဲ့ ဒိဋ္ဌိပြုတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။
ဤကဲသို့အားဖြင့် လက်တွေ့ကျကျ ၀ိပဿနာရှုပွားနေတဲ့
နေရာမှာရုပ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုရင်လည်း ရုပ်ကိုမတွေ့စေရပါ။
ရုပ်၏ အနိစ္စ, ဒုက္ခ, အနတ္တ(၀ါ) ဖြစ်ပျက်ကိုသာ တွေ့အောင်ရှုရမှာ
ဖြစ်ပါတယ်။
ဝေဒနာရယ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုရင်လည်း ဝေဒနာကို
မတွေ့စေရပါ။ ဝေဒနာ၏ အနိစ္စ, ဒုက္ခ, အနတ္တ (၀ါ) ဖြစ်ပျက်ကိုသာ
တွေ့အောင်ရှုရမှာ ဖြစ်ပါတယ်။ စိတ်ရယ်လို့ ဆိုင်းဘုတ်ဆွဲပြီး ရှုလျှင်
လည်း စိတ်ကိုမတွေ့စေရပါ။ စိတ်၏ အနိစ္စ, ဒုက္ခ, အနတ္တ (၀ါ)
ဖြစ်ပျက်ကိုသာ တွေ့အောင်ရှုရမှာ ဖြစ်ပါတယ်။
ဒါဖြင့်... ဆိုင်းဘုတ်ကို မရှုရပါ။ ဖြစ်ပျက်ကိုသာ တွေ့အောင်
ရှုရပါမည်။ ဒီတော့... ဘယ်ဟာကိုပဲ ရှုရှု ဖြစ်ပျက်မြင်အောင် ရှုနိုင်ရင်
သစ္စာဆိုက်တာချည်းဖြစ်၍ ဓမ္မာနုပဿနာအလုပ် အထမြောက်တော့
သည်သာ (၀ါ) တိရဏပရိညာအလုပ် အထမြောက်တော့သည်သာ
ဖြစ်ပါတယ်။
Thursday, August 30, 2012
Monday, August 27, 2012
မဂ္ဂင်ရှစ်ပါး
မဇ္ဈိမပဋိပဒါ၏အကျိုး
(မဇ္ဈိမ = အလယ်အလတ် + ပဋိပဒါ = အကျင့် (နိဗ္ဗာန်သွားကြောင်း လမ်းစဉ်)ကာမလိုက်စားသော ကာမသုခလ္လိက အကျင့်သည် လက်ယာလမ်းဖြစ်၍ အောက်တန်းကျ၏၊ ပျော့ညံ့လှ၏၊
လျော့သောစောင်း ကြိုးသည် အသံကောင်းမမြည်စေသကဲ့သို့ ထိုအကျင့်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်၊
ခန္ဓာကိုယ် ဒုက္ခပေးသော အတ္တကိလမထအကျင့်ကား လက်ဝဲလမ်းဖြစ်၍ တင်းလွန်း၏၊ အောက်တန်းကျသည်,ယုတ်ညံ့သည်ဟု မဆိုရသော်လည်း ထို အလွန်တင်း၍ အပြင်းအထန် ကျင့်မှုလည်း
(တင်းလွန်းသောစောင်းကြိုးသည်
အသံကောင်း မမြည်စေသကဲ့သို့) မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် မှန်သောလမ်း မဟုတ်သေးချေ။
မလျော့မတင်း စောင်းကြိုးညင်းကဲ့သို့ လျော့လည်း မလျော့, တင်းလည်း မတင်းဘဲ ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်,ထိုးထွင်း၍လည်း သိအောင်ပြုနိုင်, နိဗ္ဗာန်ကိုလည်း သိမြင်စေနိုင်သော အကျင့်သည်သာ အလည်အလတ်အကျင့်ဖြစ်၍ လမ်းမှန်သော အကျင့် ဖြစ်နိုင်သည်၊ ဗုဒ္ဓလောင်းတော်ကား ထိုကျင့်စဉ်အမှန်ကိုတွေ့မှ ဗုဒ္ဓအဖြစ်သို့ ရောက်ရပေသည်၊ထိုအကျင့်ကား တခြားမဟုတ်, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးပင်တည်း။
(၁)သမ္မာဒိဋ္ဌိ
[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]မှန်သော ဉာဏ်အမြင်ကို "သမ္မာဒိဋ္ဌိ" ဟုခေါ်၏။ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ၀ိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏။
ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိသာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်လှုံ့ဆော်မှု)ကိုပင်အဘိဓမ္မာသဘောအားဖြင့် "စေတနာစေတသိက်" ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် "ကံ=အမှုသည်=လက်သည်"ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာအစဉ်မှာ တည်ရှိရစ်ပါသည်။ဥပမာ... ပညာသင်ကြား၍ တတ်မြောက်သူတို့သန္တာန်၌ ထိုသင်ထားသော ကျက်စာတွေ မေ့ပျောက်သွားသော်လည်းထိုစာနှင့်ဆိုင်သော အသိဉာဏ်ဓာတ်ခံမှာမူ အဖတ်တင်ရစ်သကဲ့သို့တည်း ထိုသို့ အဖတ်တင်ရစ်သော ကံ၏သတ္တိသည်ယခုဘ၀မှာဖြစ်စေ, နောက်နောက် ဘ၀မှာဖြစ်စေ အကျိုးပေးခွင့် ကြုံလာလျှင် အကျိုးပေးနိုင်၏။ အလွန်ထက်သန်သော ကံတချို့သည် ယခုဘ၀မှာပင် အကျိုးပေး၏။ အချို့ကံကား နောက်ဘ၀၌ သူနှင့် ထိုက်တန်သော ဘုံဘ၀ကို ရခြင်း,
သူ့ကို အကူအညီပေးမည့် ဉာဏ် ၀ီရိယ စိုက်ထုတ်၍ အလုပ်လုပ်ခြင်းများနှင့် တွေ့ကြုံရသောအခါ အကျိုးပေး၏။ ဤသို့ တစ်စုံတစ်ယောက်၏ အလိုကြောင့် ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု မယူဆဘဲ မိမိပြုအပ်သော ကံနှင့် ဉာဏ် ၀ီရိယတို့၏ ကောင်းမှု မကောင်းမှုကြောင့်သာ ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု သိမြင် နားလည်ခြင်းသည်"ကမ္မဿကတာသမ္မာဒိဋ္ဌိ" မည်၏။ [ကမ္မဿကတာ=ကံသာလျှင် ရောက်ရာ ဘ၀၌ လိုက်ပါ၍ ကိုယ်ပိုင်ဥစ္စာရှိကြောင်း(ပစ္စည်းဥစ္စာ ရတနာတို့ကား နောက်နောက်ဘ၀သို့ မပါသဖြင့် ကိုယ်ပိုင်ဟု မဆိုနိုင်ကြောင်း) ကို +သမ္မာဒိဋ္ဌိ=အမှန်အတိုင်း သိမြင်သောဉာဏ်။]
ဝိပဿနာဉာဏ်ဟု ခေါ်ရသော သမ္မာဒိဋ္ဌိကား ကမ္မဿကတာသမ္မာဒိဋ္ဌိထက် အဆင့်အတန်း ရင့်သာလာ၏၊ ကံနှင့် ကံ၏အကျိုးကို ယုံကြည် သိမြင်ရုံသာမကဘဲ ခန္ဓာကိုယ်ကြီး၏ အနိစ္စ=မမြဲပုံ, ဒုက္ခ=ဒုက္ခဖြစ်ပုံ, အနတ္တ=အတ္တ မဟုတ်, အတ္တမရှိပုံတို့ကို အမျိုးမျိုး အဖုံဖုံ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်နိုင်သည်။
(၂)သမ္မာသင်္ကပ္ပ
(ကာမသင်္ကပ္ပ)
[သမ္မာ = ကောင်းသော, အပြစ်ကင်းသော + သင်္ကပ္ပ = ကြံစည်မှု, စိတ်ကူးမှု, စဉ်းစားမှု၊](ကာမသင်္ကပ္ပ)
လောက၌ "မိစ္ဆာသင်္ကပ္ပ" ဟုခေါ်ရသော မကောင်းသော အကြံအစည် စိတ်ကူး စဉ်းစားမှုများသည်
"ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ၀ိဟိံသာသင်္ကပ္ပ" ဟု သုံးမျိုးရှိ၏။ ချဲ့ဦးအံ့... လှပသော အဆင်း,
သာယာဖွယ် အသံ, မွှေးကြိုင်သောအနံ့, ကောင်းသော အရသာ, ကောင်းသော အတွေ့ အားဖြင့်
ငါးပါးသော ကာမဆိုင်ရာအာရုံများကို ခံစားချင်သော ဇောစိတ်ဖြင့် တွေးတောကြံစည် စိတ်ကူးနေခြင်း,
ခံစားပြီးသည်ကို မှန်းဆ၍ တမ်းတအောက်မေ့နေခြင်း ထိုအာရုံများကို ခံစားဖို့ရန် ပစ္စည်းဥစ္စာ,
နေရာထိုင်ခင်း, အိမ်ဝင်း ဥယျာဉ် စသည်တို့ကို ရအောင် ရှာဖွေကြံစည်နေခြင်းသည် ကာမဆိုင်ရာကို
ကြံစည်နေသော "ကာမသင်္ကပ္ပ" မည်၏။
(ဗျာပါဒသင်္ကပ္ပ)
ပင်ကိုအတိုင်း စိတ်ကောင်း မဟုတ်တော့ဘဲ စိတ်ဖောက်ပြန် ပျက်စီးနေသော ဒေါသကို "ဗျာပါဒ" ဟုခေါ်၏၊ ဒေါသဖြစ်လွန်းမက ဖြစ်လှ၍ မိမိနှင့် မတည့်သူကို တွေးကာ "ဒီအကောင် ဘယ်တော့များ သေပါ့မလဲ,
ငါကိုယ်တိုင် သတ်ရကောင်းမလား, ဘယ်သူလာပြီး သတ်ပါ့မလဲ" စသည်ဖြင့် ကြံစည်စိတ်ကူးမှုသည်
"ဗျာပါဒသင်္ကပ္ပ" မည်၏။
(၀ိဟိံသာသင်္ကပ္ပ)
သူတစ်ပါးကို သေအောင် မဟုတ်ဘဲ စိတ်ဆင်းရဲရုံ, ကိုယ်ဆင်းရဲရုံ, ကိုယ်တိုင်ညှဉ်းဆဲလိုသော,သူတစ်ပါး လာ၍ ညှဉ်းဆဲစေလိုသော, ရုံးကနားရောက်၍ ငွေကုန်ကြေးကျ ဖြစ်စေလိုသော အကြံအစည်
သည် "၀ိဟိံသာသင်္ကပ္ပ" မည်၏။
*နေက္ခမ္မသင်္ကပ္ပ*
မိမိစိတ်၌ ထို သုံးမျိုးလုံး မဖြစ်အောင် စောင့်စည်း၍ နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အ၀ိဟိံသာသင်္ကပ္ပ၊ဖြစ်နေစေခြင်းသည် "သမ္မာသင်္ကပ္ပ" မည်၏။ ချဲ့ဦးအံ့ - [နေက္ခမ္မ = ကာမမှ ထွက်မြောက်သော + သင်္ကပ္ပ =
ကြံစည်, စိတ်ကူးမှု] ကာမအာရုံကို စွန့်ပယ်၍ ရဟန်းကောင်း ရဟန်းမြတ် ပြုလုပ်မည်ဟုကြံစည်စိတ်ကူးခြင်း၊
တောထွက်၍ ကျင့်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ ဈာန်ရအောင် အားထုတ်မည်, ကမ္မဋ္ဌာန်းအားထုတ်မည်ဟု
ကြံစည်စိတ်ကူးခြင်း၊ ကုသိုလ်တရားတွေ မိမိမှာ များများဖြစ်စေဖို့ရန် ဒါနပြုမည်, ဥပုသ်စောင့်မည်ဟု ကြံစည်ခြင်း ဤသို့ စသည်ဖြင့် ကာမလိုက်စားမှု၏ တစ်ဖက်တစ်လမ်း ကြံစည်စိတ်ကူးခြင်းဟူသမျှသည် နေက္ခမ္မသင်္ကပ္ပတည်း၊
*အဗျာပါဒသင်္ကပ္ပ*
ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကို "အဗျာပါဒ" ခေါ်၏၊ တစ်ယောက်အပေါ်၌ ဖြစ်စေ, အများအပေါ်၌ဖြစ်စေ တရားသောနည်းလမ်းဖြင့် အကျိုးကို လိုလားကာ ချမ်းသာ ကျန်းမာစေလို, အန္တရာယ်ကင်း ရန်းဘေး ရှင်းစေလိုသော မေတ္တာစိတ်ဖြင့် ကြံစည် စိတ်ကူးခြင်း၊ ဆရာသမားဖြစ်၍ တပည့်များ၏ အကျိုးစီးပွားဖြစ်မည့် အလုပ်တွေကို ကြံစည်စိတ်ကူးညွှန်ပြနေခြင်း၊ မိဘ ရပ်ရွာလူကြီး တိုင်းပြည်ခေါင်းဆောင်ဖြစ်၍ အိမ်သူအိမ်သား ရပ်သူရွာသား တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားကို ကြံစည်စိတ်ကူးနေခြင်းသည် အဗျာပါဒသင်္ကပ္ပ မည်၏။ [ထိုသို့ ကြံစည်ရာ၌ သူတစ်ပါး၏ စီးပွားရေးကို ထိခိုက်နေလျှင် ၀ိဟိံသာသင်္ကပ္ပ ဖြစ်သောကြောင့် ထိုသို့ မထိခိုက်စေအောင် သတိထားရပေမည်။]
*အ၀ိဟိံသာသင်္ကပ္ပ*
ညှဉ်းဆဲလိုသော ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်နေသော ကရုဏာသည် အ၀ိဟိံသာသင်္ကပ္ပ မည်၏။ထိုကရုဏာဖြင့် ဆင်းရဲသူများကို သနားကြင်နာ၍ ကယ်ဆယ်လိုခြင်း၊ အောက်ကျ နောက်ကျဖြစ်နေ သော တိုင်းသူပြည်သား, ရပ်သူနယ်သား, ကျောင်းသူကျောင်းသား, တပည့်ဒကာ ဒကာမများကို သနားညှာတာ၍ အထက်တန်းရောက်ဖို့ နည်းလမ်းရှာဖွေ စိတ်ကူးနေခြင်းသည် အ၀ိဟိံသာသင်္ကပ္ပ မည်၏။ ဤသင်္ကပ္ပ သုံးမျိုးသည် မဇ္ဈိမပဋိပဒါ၌ ပါဝင်သော သမ္မာသင်္ကပ္ပ မဂ္ဂင်တစ်ပါးပေတည်း။
(၃)သမ္မာဝါစာ
မုသာဝါဒ = မုသားပြောမှု (လိမ်မှု, လှည့်ပတ်မှု, ညာဖြန်းမှု)
ပိသုဏ၀ါစ = ရန်တိုက်မှု၊
ဖရုသ၀ါစာ = ကြမ်းတမ်းယုတ်မာ ဆဲဆိုမှု၊
သမ္ဖပ္ပလာပ = အဖျင်းစကား အပျက်စကား (သက်သက် ရယ်မောစရာသာ ဖြစ်၍ အကျိုးမရှိသော
စကား) ပြောမှုများကို "၀စီဒုစရိုက် = နှုတ်ဖြင့် မကောင်းပြုကျင့်မှု" ဟု ခေါ်၏၊ "မိစ္ဆာဝါစာ" ဟုလည်းပိသုဏ၀ါစ = ရန်တိုက်မှု၊
ဖရုသ၀ါစာ = ကြမ်းတမ်းယုတ်မာ ဆဲဆိုမှု၊
သမ္ဖပ္ပလာပ = အဖျင်းစကား အပျက်စကား (သက်သက် ရယ်မောစရာသာ ဖြစ်၍ အကျိုးမရှိသော
ခေါ်၏၊ ထိုစကားလေးမျိုးကို ပြောခွင့်ကြုံလာလျက် မပြောမိအောင် ရှောင်ခြင်းသည် သမ္မာဝါစာ မည်၏။
မှန်သောစကားကိုသာ ပြောခြင်း၊ တစ်ယောက်နှင့် တစ်ယောက် မကွဲပြားအောင် ညီညီညွတ်ညွတ်
သင့်သင့်မျှမျှ ရှိအောင် ပြောပေးခြင်း၊ နားထောင်သူတို့မှာ အကျိုးများသော စကားကိုသာ သာယာ
ချေငံစွာ ပြေပြေပြစ်ပြစ် ပြောခြင်း၊ ကြားနာသူတို့၏ ကောင်းကျိုးသက်သက်ကို မျှော်၍ (ဂုဏ်ရဖို့ လာဘ်ရဖို့
မမျှော်ဘဲ) တရားဟောပြခြင်းများလည်း သမ္မာဝါစာပင်တည်း။
(၄)သမ္မာကမ္မန္တ
ပါဏာတိပါတမှု, အဒိန္နာဒါနမှု, ကာမေသုမိစ္ဆာစာရမှု ဤသုံးပါးကို"ကာယဒုစရိုက် = ကိုယ်ဖြင့် မကောင်းကျင့်မှု" ဟု ခေါ်၏။ "မိစ္ဆာကမ္မန္တ" ဟုလည်း ခေါ်၏။ ထို သုံးမျိုးမှ ရှောင်ခြင်း (ပြုခွင့်ကြုံလာလျက် မပြုဘဲ ရှောင်ခြင်း)သည် သမ္မာကမ္မန္တ မည်၏။ သူတစ်ပါး၏ အသက်ရှည်ကြောင်း, အနာရောဂါ ကင်းကြောင်း, ဆေးဝါးစုဆောင်းမှု ဆေးတိုက် ဆေးရုံဖွင့်၍ ကုသိုလ်ပြုမှု, သူတစ်ပါးဥစ္စာ လုံခြုံအောင် စောင့်ရှောက်ပေးမှု, ဒါန ပြုမှု,သူတစ်ပါးတို့ စိတ်ကြည်နူးအောင် တံမြတ်လှည်းမှု, လမ်းပြင်ပေးမှု, ဘုရားတန်ဆောင်း စသည်၌ သန့်ရှင်းစင်ကြယ်အောင် ပြုမှု, ကမ္မဋ္ဌာန်းအားထုတ်ဖို့ နေရာထိုင်ခင်း သန့်ရှင်းပေးမှု စသော ကိုယ်မှုဟူသမျှသည် သမ္မာကမ္မန္တချည်းတည်း။
(၅)သမ္မာအာဇီဝ
အာဇီဝ - အသက်မွေးဖို့ ပစ္စည်းရှာဖွေမှု၊ပါဏာတိပါတ စသော ဒုစရိုက် မပါစေဘဲ တရားသဖြင့် လယ်ယာလုပ်၍, ကုန်ရောင်း၍, ငွေချေး၍ အသက်မွေးခြင်း၊ ကိုယ်ဖြင့် ရင်းနှီး၍, ပညာဖြင့် ရင်းနှီး၍ အသက်မွေးခြင်း, အချုပ်အားဖြင့် ငါးပါးသီလ မပျက်အောင် အသက်မွေးခြင်းသည် "သမ္မာအာဇီဝ" ဖြစ်၏။ ထိုသို့ မဟုတ်ဘဲ ဒုစရိုက်မှုဖြင့် အသက်မွေးခြင်း, လိမ်လည် လှည့်စား၍ ရောင်းဝယ် အသက်မွေးခြင်းသည် "မိစ္ဆာဇီဝ" ဖြစ်၏။
(၆)သမ္မာဝါယာမ
အားထုတ်မှု ၀ီရိယကို ``၀ါယာမ´´ဟု ခေါ်၏။ မတရားသဖြင့် ပစ္စည်းရှာမှု
ပါဏာတိပါတအမှု စသည်ကို ပြုရာ၌ လုံလ၊ ၀ီရိယ ပါကြရသည်။ ထိုဝီရိယမျိုးကို
"မိစ္ဆာဝါယာမ" ဟု ခေါ်၏။ ထိုဝီရိယမျိုး မဖြစ်စေဘဲတရားသောနည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်မှုသည် "သမ္မာဝါယာမ" ချည်းသာတည်း၊
ထို ၀ါယာမကို ကျမ်းဂန်တို့၌ လေးမျိုးပြ၏။
၁။ သူတစ်ပါး၌ ဖြစ်တတ်သော အကုသိုလ်မျိုးသည် ယခုဘ၀၌ မိမိမှာ တစ်ခါမျှ
မဖြစ်ဘူးသေးလျှင် ထိုအကုသိုလ်မျိုး မဖြစ်အောင် ကြိုးစား၍ ရှောင်ရှားခြင်းသည် သမ္မာဝါယာမတည်း။
၂။ ထိုအကုသိုလ်မျိုး ဖြစ်မိပြန်လျှင် နောက်ထပ် မဖြစ်အောင် အကုသိုလ် မတိုးပွားအောင်
ကြိုးစားခြင်းသည် ဖြစ်ပြီးအကုသိုလ်ကို ပယ်ရှားသော သမ္မာဝါယာမ တစ်မျိုးတည်း။
၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်အထူးကိုရအောင် ဈာန်, မဂ် အထိ ကြိုးစားခြင်း
သည် မဖြစ်သေးသော ကုသိုလ်ဖြစ်အောင် ကြိုးစားသော သမ္မာဝါယာမ တစ်မျိုးတည်း။
၎။ ဖြစ်လက်စ ကုသိုလ်ကို နောက် မဆုတ်ဘဲ ရှေ့သို့သာ တိုးအောင် ရဟန္တာဖြစ်သည်အထိ
ကြိုးစားခြင်းသည် ဖြစ်ပြီးကုသိုလ်ကို တိုးတတ်အောင် အားထုတ်သော သမ္မာဝါယာမ တစ်မျိုးတည်း။
(၇)သမ္မာသတိ
ကောင်းသောအမှတ်ရခြင်း, ကောင်းသောသတိထားခြင်းကို ``သမ္မာသတိ´´ဟုခေါ်၏။
ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး စသည်ကို စိတ်ဖြင့် ခွဲခြား၍ ထိုအားလုံးကို
အသုဘဟု(မတင့်တယ် ရွံစဖွယ် စက်ဆုပ်ဖွယ်ဟု) သတိထားခြင်းသည် သမ္မာသတိ တည်း၊
ခံစားမှု စသော ဝေဒနာတို့၌ ကောင်းသော ဝေဒနာဖြစ်လျှင်ထိုဝေဒနာ ပျက်သွားသည်နှင့်တစ်ပြိုင်နက် ဒုက္ခဖြစ်ရတော့၏။ ကိုယ်ဆင်းရဲမှုဖြစ်ရသော ဒုက္ခဝေဒနာများကား သူ့နဂိုအတိုင်း ဒုက္ခဖြစ်ကြောင်း ထင်ရှား၏။ ဤသို့ ဝေဒနာဖြစ်သမျှ၌ ကောင်းသည် ဖြစ်စေ, ဆိုးသည် ဖြစ်စေ ဒုက္ခဟုချည်း သတိထားနေခြင်းသည် သမ္မာသတိ တစ်မျိုးတည်း။ မိမိ၏ စိတ်အစဉ်ကို သတိထား၍ စဉ်းစားကြည့်သောအခါ ရူပါရုံကို ကြည့်နေစဉ်က ကြည့်စိတ်တစ်မျိုး, သဒ္ဒါရုံကို ကြားပြန်တော့ ကြားစိတ်ကတစ်မျိုး စသည်ဖြင့် လည်းကောင်း, ဘုရားအစရှိသည်ကို အာရုံပြု၍ ကုသိုလ်စိတ်ဖြစ်နေရာမှ မကျေနပ် ဖွယ်အကြောင်းတွေ ပေါ်လာ၍ ဒေါသဖြစ်ရသောအခါ ဒေါသစိတ်တစ်မျိုး ဤသို့စိတ်အစဉ် ပြောင်းလဲပုံကို သတိထား၍ စိတ်မမြဲကြောင်း, အနိစ္စဖြစ်ကြောင်းကို သိမှတ်နေသော
သတိသည် သမ္မာသတိတစ်မျိုးတည်း။ အဘိဓမ္မာကို လိုက်စား၍ အတော်အသားကျနေသူတို့သည် မည်သည့်ကိစ္စ၌မဆို အတ္တမရှိ, ဖဿ ဝေဒနာ သညာ စသော တရားတွေသာ ဆိုင်ရာကိစ္စတို့ကို ပြုလုပ်
ဆောင်ရွက်နေကြသည်ဟု သတိထားကြည့်က သိရှိနိုင်ကြလေသည်။ ဤသို့ ဖဿ စသော တရားအစုကို သတိထား၍ အတ္တမရှိကြောင်းကို သိမှတ်သော သတိသည် သမ္မာသတိ မည်၏။
(၈)သမ္မာသမာဓိ
ကျမ်းဂန်တို့၌ ဈာန်ဝင်စားသော သမာဓိကိုသာ သမ္မာသမာဓိဟု ပြထား၏။ သို့သော် ကမ္မဋ္ဌာန်း၌ သမာဓိရနေခြင်း၊ ကောင်းသော စာပေကို ကြည့်ရှုရေးသားနေရာ၌ သမာဓိရနေခြင်း၊ ဒါနကိစ္စ, သီလကိစ္စ, အများအကျိုးကိုဆောင်ရမည့်ကိစ္စ စသော ကုသိုလ်ကိစ္စကို စဉ်းစားနေရာ၌ သမာဓိရနေခြင်းကိုလည်း``သမ္မာသမာဓိ = ကောင်းသောတည်ကြည်ခြင်း´´ ဟု ဆိုထိုက်ပေသည်။
အထပ်ထပ်ကြိုးစားပါ
ဤပြခဲ့သော သမ္မာဒိဋ္ဌိစသော ရှစ်ပါးကို ``မဇ္ဈိမပဋိပဒါ´´ဟုခေါ်၏၊ ဤတရားရှစ်ပါးကို မိမိသန္တာန်ဝယ် ဖြစ်အောင်ကြိုးစားရာ၌ တစ်နေ့၊ တစ်ရက်၊ တစ်နံနက်တစ်ခဏမျှ ကြိုးစားရမည် မဟုတ်၊ အရကျက်သူသည် တစ်ခေါက်ကျက်ရုံမျှဖြင့်မရဘဲ အခေါက်ခေါက် ကျက်ရ၏။ ရပြန်ပါလည်း မကျေမချင်း ထပ်၍ထပ်၍ အံရ၏။ ထိုမျှလောက်ကြိုးစားထားမှ ထိုစာနှင့်ဆိုင်သော အကျိုးကို ရနိုင်သကဲ့သို့ ထို့အတူ ၀ိပဿနာ သမ္မာဒိဋ္ဌိအခန်းဝယ် ပြခဲ့သည့်အတိုင်း မိမိခန္ဓာကိုယ်ကို အာရုံပြု၍ မမြဲပုံ(အနိစ္စ) စသော အခြင်းအရာကို ရှုကာ ``မဇ္ဈိမပဋိပါဒါ´´ခေါ် မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်၌ ပထမ ဖြစ်အောင်ကြိုးစားပါ။ ထို့နောက် ထပ်၍ ထပ်၍
ဖြစ်အောင်လည်း ကြိုးစားပါ။ အထွတ်အထိပ်ရောက်အောင် ကြိုးစားလျှင်
"စက္ခုကရဏီ = ဉာဏ်စက္ခုအလင်းရ၍" တစ်သံသရာလုံး၌ မမြင်ရခဲ့သော
သစ္စာလေးပါးကို သိမြင်နိုင်ပါသည်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတေ် အရှင်ဇနကာဘိဝံသ ၏
အနာဂတ်သာသနာရေးမှ ထုတ်နုတ်ဖော်ပြထားပါသည်။
Saturday, August 25, 2012
ပွဲနှင့်အစွဲ
အကြိုက်တွေ့ပြီဆိုရင် အငွေ့အာရုံကို အတွေ့ထင်ပြီး
အစွဲကြီးစွဲသွားတတ်ကြတယ်။ ငါတို့ငယ်စဉ်က
တောဓလေ့ကိုယ်တွေ့လေး ပြောပြရဦးမယ်။
တို့တောအရပ်မှာ ပွဲလမ်းသဘင်ဆိုတာ ကြုံရခဲဘိခြင်း။
ဘုန်းကြီးပျံပွဲမျိုးနဲ့ကြုံမှ ပွဲလမ်းသဘင်တွေ
အကြီးအကျယ် ကျင်းပလေ့ရှိတာ။ ဘုန်းကြီးပျံဆိုတာ
လည်း ဆယ်ကွေ့တစ်ကွေ့ ကြုံရခဲပါတယ်။
ငါတို့လက်ဦးဆရာ မင်းကုန်းတောကျောင်းကြီး
ဆရာတော် ဦးသုနန္ဒ ပျံတော်မူပွဲကို ၁၃၁၅၊
တပေါင်းလမှာ ကျင်းပတုန်းက ပွဲသဘင်တွေ
စုံလိုက်တာ။ မဏ္ဍပ်ကြီး မဏ္ဍပ်ငယ်တွေလည်း
ဆန်းဆန်းပြားပြားဆင်သထားလိုက်တာ။
ထမင်းဆိုင် လက်ဖက်ရည်ဆိုင်တွေနဲ့ စည်လိုက်တာ။
ကရ၀ိတ်လောင်တိုက်တလားစတဲ့ ခန်းနားတဲ့ အဆင်
အပြင်တွေလည်း အကုန်ပါ။ စုံတကာစေ့လို့ ဆိုရမှာပေါ့။
ဘုန်းကြီးပျံက နှစ်ရက်ပဲ ကျင်းပခဲ့တာ။ ပွဲပြီးလို့
ဇာတ်အဖွဲ့ ရုပ်သေးအဖွဲ့နဲ့ ဈေးသည်တွေပြန်သွားကြ
ပေမယ့် ငါတို့မျက်လုံးထဲ နားထဲ အာရုံထဲမှာ
ဘုန်းကြီးပျံပွဲကြီးက မပြီးသေးဘူး။ ခြိမ့်ခြိမ့်သဲသဲ ကျင်းပ
တုန်း။ ငါတို့ဆီမှာကျန်ခဲ့တာက ပွဲမဟုတ်ဘူးဗျ၊ အစွဲ။
ဇာတ်သမားက သူ့အိမ်သူပြန်နားနေပြီ။ ငါတို့က
အစွဲနဲ့ ပွဲကလို့ကောင်းတုန်း။ ခံစားမှုဝေဒနာက ချဲ့ကား၊
အစွဲသိဝိဉာဏ်ကလှည့်စားနဲ့ဆိုတော့ အခြေခံမကောင်းရင်
အကြောင်းခံမမှန်ဖြစ်တတ်တာ ကိုလည်း သတိပြုကြစေလိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
အစွဲကြီးစွဲသွားတတ်ကြတယ်။ ငါတို့ငယ်စဉ်က
တောဓလေ့ကိုယ်တွေ့လေး ပြောပြရဦးမယ်။
တို့တောအရပ်မှာ ပွဲလမ်းသဘင်ဆိုတာ ကြုံရခဲဘိခြင်း။
ဘုန်းကြီးပျံပွဲမျိုးနဲ့ကြုံမှ ပွဲလမ်းသဘင်တွေ
အကြီးအကျယ် ကျင်းပလေ့ရှိတာ။ ဘုန်းကြီးပျံဆိုတာ
လည်း ဆယ်ကွေ့တစ်ကွေ့ ကြုံရခဲပါတယ်။
ငါတို့လက်ဦးဆရာ မင်းကုန်းတောကျောင်းကြီး
ဆရာတော် ဦးသုနန္ဒ ပျံတော်မူပွဲကို ၁၃၁၅၊
တပေါင်းလမှာ ကျင်းပတုန်းက ပွဲသဘင်တွေ
စုံလိုက်တာ။ မဏ္ဍပ်ကြီး မဏ္ဍပ်ငယ်တွေလည်း
ဆန်းဆန်းပြားပြားဆင်သထားလိုက်တာ။
ထမင်းဆိုင် လက်ဖက်ရည်ဆိုင်တွေနဲ့ စည်လိုက်တာ။
ကရ၀ိတ်လောင်တိုက်တလားစတဲ့ ခန်းနားတဲ့ အဆင်
အပြင်တွေလည်း အကုန်ပါ။ စုံတကာစေ့လို့ ဆိုရမှာပေါ့။
ဘုန်းကြီးပျံက နှစ်ရက်ပဲ ကျင်းပခဲ့တာ။ ပွဲပြီးလို့
ဇာတ်အဖွဲ့ ရုပ်သေးအဖွဲ့နဲ့ ဈေးသည်တွေပြန်သွားကြ
ပေမယ့် ငါတို့မျက်လုံးထဲ နားထဲ အာရုံထဲမှာ
ဘုန်းကြီးပျံပွဲကြီးက မပြီးသေးဘူး။ ခြိမ့်ခြိမ့်သဲသဲ ကျင်းပ
တုန်း။ ငါတို့ဆီမှာကျန်ခဲ့တာက ပွဲမဟုတ်ဘူးဗျ၊ အစွဲ။
ဇာတ်သမားက သူ့အိမ်သူပြန်နားနေပြီ။ ငါတို့က
အစွဲနဲ့ ပွဲကလို့ကောင်းတုန်း။ ခံစားမှုဝေဒနာက ချဲ့ကား၊
အစွဲသိဝိဉာဏ်ကလှည့်စားနဲ့ဆိုတော့ အခြေခံမကောင်းရင်
အကြောင်းခံမမှန်ဖြစ်တတ်တာ ကိုလည်း သတိပြုကြစေလိုပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
ငယ်လင်ငယ်မယား
စိတ်ဆိုတာ အစွဲရှိရာမှာပဲ မေးတင်နေတတ်တာ။ ဆိုပါစို့
အနီရောင်ကိုစွဲသူရဲ့အမြင်ဟာ အနီရောင်မှာပဲ
မေးတင်နေတတ်တယ်။ အဆင်း၊ အနံ့၊ အသံတွေမှာလည်း
ဒီလိုပဲ. . . စိတ်စွဲရာကိုပဲ မြင်နေလေ့ရှိတယ်။
အဲဒီအစွဲသိကြောင့် အထဲသိ ဖြစ်ဖို့တော်တော်ခက်နေတာ။
အိမ်ထောင်သက်ရင့်ကြာလာပြီဖြစ်တဲ့ အဖိုးအဖွား
လင်မယားနဲ့ပဲ ဥပမာပေးကြည့်ကြစို့။
ဆံဖြူ၊ သွားကျိုး၊ ခါးကိုင်း၊ နားထိုင်းနေတဲ့ အဖွားကို
မြင်နေရပေမယ့် အဖိုးရဲ့စိတ်ထဲမှာ အဖွားဟာ
သတို့သမီးလေးလိုပဲ။ အဖွားရဲ့အမြင်မှာလည်း အဖိုးဟာ
လူပျိုလေးလိုပဲ။ သူတို့ဂုဏ်ယူပြီး ပြောနေတာကို
နားထောင်ကြည့်လေ `ကျုပ်တို့က ငယ်လင် ငယ်မယားပါ´
တဲ့ `အဖိုးလင် အဖိုးမယား´လို့ မဖြေပါဘူး။
ငယ်ဘ၀ ငယ်ရုပ်ပုံတွေကို စွဲနေတော့ `ငယ်လင်
ငယ်မယား´လို့ပဲ ဖြေနေကြဆဲ၊ အဲဒါအစွဲ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၈ ခုနှစ်၊ ကျောက်ထီးတောရ သြ၀ါဒ)
အနီရောင်ကိုစွဲသူရဲ့အမြင်ဟာ အနီရောင်မှာပဲ
မေးတင်နေတတ်တယ်။ အဆင်း၊ အနံ့၊ အသံတွေမှာလည်း
ဒီလိုပဲ. . . စိတ်စွဲရာကိုပဲ မြင်နေလေ့ရှိတယ်။
အဲဒီအစွဲသိကြောင့် အထဲသိ ဖြစ်ဖို့တော်တော်ခက်နေတာ။
အိမ်ထောင်သက်ရင့်ကြာလာပြီဖြစ်တဲ့ အဖိုးအဖွား
လင်မယားနဲ့ပဲ ဥပမာပေးကြည့်ကြစို့။
ဆံဖြူ၊ သွားကျိုး၊ ခါးကိုင်း၊ နားထိုင်းနေတဲ့ အဖွားကို
မြင်နေရပေမယ့် အဖိုးရဲ့စိတ်ထဲမှာ အဖွားဟာ
သတို့သမီးလေးလိုပဲ။ အဖွားရဲ့အမြင်မှာလည်း အဖိုးဟာ
လူပျိုလေးလိုပဲ။ သူတို့ဂုဏ်ယူပြီး ပြောနေတာကို
နားထောင်ကြည့်လေ `ကျုပ်တို့က ငယ်လင် ငယ်မယားပါ´
တဲ့ `အဖိုးလင် အဖိုးမယား´လို့ မဖြေပါဘူး။
ငယ်ဘ၀ ငယ်ရုပ်ပုံတွေကို စွဲနေတော့ `ငယ်လင်
ငယ်မယား´လို့ပဲ ဖြေနေကြဆဲ၊ အဲဒါအစွဲ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၈ ခုနှစ်၊ ကျောက်ထီးတောရ သြ၀ါဒ)
သံကောင်းမှဓားကောင်း
လယ်မြေမကောင်းရင် သီးနှံကောင်းမထွက်နိုင်သလိုပဲ။
စိတ်ကောင်းမရှိဘဲ လူကောင်းမဖြစ်ဘူး။ ၀တ်ကောင်းစားလှ
တွေဘယ်လိုပဲ ဆင်သထားပါစေ စိတ်ကောင်းမရှိဘဲ
လူကောင်းမဖြစ်နိုင်ဘူး။ သံကောင်းမှ ဓားကောင်းဖြစ်နိုင်တယ်။
သံကောင်းဖို့ မီးနဲ့ နာနာအပူပေးပြီး ပြုပြင်ယူရသလိုပဲ
စိတ်ကောင်းဖြစ်ပေါ်လာဖို့ စိတ်ဆိုး စိတ်ညံ့တွေကို သတိနဲ့
နာနာရှုမှတ်ရမယ်။ မီးကျီးရဲရဲမှာ သံခဲတင်သလိုပဲ၊
စိတ်ကောင်း၊ လူကောင်းဖြစ်လာအောင် အတော့်ကိုပြုပြင်
အားထုတ်ကြရမယ်။
စိတ်ကောင်းမရှိဘဲ လူကောင်းမဖြစ်ဘူး။ ၀တ်ကောင်းစားလှ
တွေဘယ်လိုပဲ ဆင်သထားပါစေ စိတ်ကောင်းမရှိဘဲ
လူကောင်းမဖြစ်နိုင်ဘူး။ သံကောင်းမှ ဓားကောင်းဖြစ်နိုင်တယ်။
သံကောင်းဖို့ မီးနဲ့ နာနာအပူပေးပြီး ပြုပြင်ယူရသလိုပဲ
စိတ်ကောင်းဖြစ်ပေါ်လာဖို့ စိတ်ဆိုး စိတ်ညံ့တွေကို သတိနဲ့
နာနာရှုမှတ်ရမယ်။ မီးကျီးရဲရဲမှာ သံခဲတင်သလိုပဲ၊
စိတ်ကောင်း၊ လူကောင်းဖြစ်လာအောင် အတော့်ကိုပြုပြင်
အားထုတ်ကြရမယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၈ ခုနှစ်၊ ကျောက်ထီးတောရ သြ၀ါဒ)
သဘောသိတာ တရား
တရားဆိုတာ အဝေးကြီးမှာ လိုက်ရှာနေရတာမျိုး
မဟုတ်ပါဘူး။ တရားရှာ ကိုယ်မှာတွေ့တဲ့
ဒီခန္ဓာမှာ တရားမပြတဲ့နေ့ရယ်လို့ မရှိပါဘူး။
တရားက အချိန်တိုင်းပြနေတာ၊ မကြည့်လို့ မသိကြတာ။
ဆိုပါစို့ ထန်းလျက်စားရင်းလည်း ထန်းလျက်က
ထန်းလျက်တရား ဟောသွားတာပဲ။ ထန်းလျက်က
ချိုတယ်ဆိုတဲ့သဘောကလေး ဟောသွားပါတယ်။
အဲဒီသဘောကလေးဟာ တရားပါပဲ။ ငရုပ်သီးကလည်း
စပ်တယ်ဆိုတဲ့သဘော ဟောပါလိမ့်မယ်။ ဒါပေမယ့်
လူတွေက ချိုတဲ့ စပ်တဲ့သဘောကို မမြင်မသိကြဘဲ
ထန်းလျက်ကိုစွဲ၊ ငရုပ်ကိုစွဲနဲ့ အစွဲသာအဖတ်တင်ကျန်ခဲ့
ပါတယ်။ သဲနဲ့ပစ်တာနဲ့ ခဲနဲ့ပစ်တာ ခံရပုံချင်းမတူသလို
ချိုတာစားတာနဲ့ စပ်တာစားတာ လျှာကိုတိုက်ခိုက်ပုံချင်း
မတူပေဘူး။ တစ်ခါလောက် စိတ်ဝင်စားကြည့်စမ်းပါ။
ချိုချဉ်ငန်စပ် သဘောသတ္တိကလေးတွေ နောက်ဆုံး
ဘယ်လိုဖြစ်သွားတယ်ဆိုတာ သတိထားကြည့်စမ်းပါ။
သဘောသိတာ တရားပါပဲ။ တရားနဲ့နေပြီး တရားလုပ်
နေပြီး တရားမှန်းမသိကြပါလား။
မဟုတ်ပါဘူး။ တရားရှာ ကိုယ်မှာတွေ့တဲ့
ဒီခန္ဓာမှာ တရားမပြတဲ့နေ့ရယ်လို့ မရှိပါဘူး။
တရားက အချိန်တိုင်းပြနေတာ၊ မကြည့်လို့ မသိကြတာ။
ဆိုပါစို့ ထန်းလျက်စားရင်းလည်း ထန်းလျက်က
ထန်းလျက်တရား ဟောသွားတာပဲ။ ထန်းလျက်က
ချိုတယ်ဆိုတဲ့သဘောကလေး ဟောသွားပါတယ်။
အဲဒီသဘောကလေးဟာ တရားပါပဲ။ ငရုပ်သီးကလည်း
စပ်တယ်ဆိုတဲ့သဘော ဟောပါလိမ့်မယ်။ ဒါပေမယ့်
လူတွေက ချိုတဲ့ စပ်တဲ့သဘောကို မမြင်မသိကြဘဲ
ထန်းလျက်ကိုစွဲ၊ ငရုပ်ကိုစွဲနဲ့ အစွဲသာအဖတ်တင်ကျန်ခဲ့
ပါတယ်။ သဲနဲ့ပစ်တာနဲ့ ခဲနဲ့ပစ်တာ ခံရပုံချင်းမတူသလို
ချိုတာစားတာနဲ့ စပ်တာစားတာ လျှာကိုတိုက်ခိုက်ပုံချင်း
မတူပေဘူး။ တစ်ခါလောက် စိတ်ဝင်စားကြည့်စမ်းပါ။
ချိုချဉ်ငန်စပ် သဘောသတ္တိကလေးတွေ နောက်ဆုံး
ဘယ်လိုဖြစ်သွားတယ်ဆိုတာ သတိထားကြည့်စမ်းပါ။
သဘောသိတာ တရားပါပဲ။ တရားနဲ့နေပြီး တရားလုပ်
နေပြီး တရားမှန်းမသိကြပါလား။
မဟာဗောဓိမြိုင်ဆရာတော် ( ၁.၆.၉၉ ခုနှစ်၊ ၀ါးသုံးရုံသစ်တောစခန်း သြ၀ါဒ)
Friday, August 17, 2012
မတူတာလေးတွေ ပြောရအောင်
သူတစ်ပါးအသက် သက်သည့်အတွက် ကိုယ့်မှာအသက်တို။
မသက်ရှောင်ရှား ထိုသူများ ရှည်လျားအသက်ပို။
နှိပ်စက်တတ်သူ ညှင်းဆဲသူ ပြောထူရောဂါဆို။
သနားစိတ်သွင်း ညှင်းဆဲကင်း ကင်းရှင်းရောဂါဆို။
ပြင်းထန်ဒေါသ ကြီးတက်က အလှပျက်မည်ဆို။
ဒေါသကင်းစင် မေတ္တာရှင် ကြည်လင်လှပကိုယ်။
မနာလိုပြန် ဣသာထန် ခြွေရန်ကင်းမည်ဆို။
ဣသာမထား ၀မ်းမြောက်သွား ပေါများခြွေရန်ကိုယ်။
မလှူမတန်း မပေးကန်း ခြောက်ခန်းဥစ္စာဆို။
စွန့်ကြဲပေးထုံ ပြုပါကုန် ကုံလုံကြွယ်ဝပို။
မာန်မာနကြွယ် ထိုသူဝယ် မျိုးနွယ်ညံ့မည်ဆို။
ထိုက်သူရိုကျိုး မာန်ကိုချိုး အမျိုးမြတ်လှသကို။
သိဖွယ်ဟူသမျှ မမေးက ဖျင်းအပညာဆို။
ကြားမြင်များအောင် မေးလေ့ဆောင် ခု,နောင်တတ်သိပို။
သုဘလုလင် မေးလျှောက်တင် ဘုရားရှင်မှ ထုတ်ဖော်ပြ။
မဟာဂန္ဓာရုံဆရာတော်
ကာယိနြေ္ဒပျက်စီးခြင်း
ရာဂစိတ်မွှန်နေရင် ကာယိနြေ္ဒပျက်တယ်။
အာရုံနဲ့ အာရုံရှင်ကို တပ်မက်မှုနဲ့ ပြစ်မှားနေတဲ့
ရာဂစိတ် ထိပ်တက်လာပြီဆိုရင် ဘယ်သူဆုံမလို့မှ
မရတော့ဘူး။ နွားသိုး ကြိုးပြတ်ဆိုတာလို ထကြွ
သောင်းကျန်းပြီး ကာယိနြေ္ဒပျက်တယ်။
ဒေါသစိတ်မွှန်နေရင်လည်း ကာယိနြေ္ဒပျက်တယ်။
ရတာမလို လိုတာမရ ကိုယ့်အကြိုက် အနှိုက်ခံရတဲ့
ဒေါသဆိုတဲ့ မကျေချမ်းစိတ်တွေ ဖြစ်ပေါ်လာတယ်။
အဲဒီမှာ ဘ၀င်လေ လှုပ်ရှားတွန်းကန်၊ နှလုံးတုန်
ရင်ခုန်ဖြစ်ပြီး နှလုံးသွေးများလည်း မည်းညစ်သွား
တော့တယ်။ မျက်နှာအသွင်အပြင်လည်း နီရဲ
မည်းညစ်လာပြီး မျက်ရည်တွေလည်လာလို့
မီးပွင့်မတတ် ကာယိနြေ္ဒကို ပျက်စီးစေတယ်။
ငှက်ဖျားရောဂါသည်လို တစ်ကိုယ်လုံး
တုန်လာတော့တယ်။
ဒေါသစိတ် ထိပ်တက်လာပြီဆိုရင်လည်း
ကာယိနြေ္ဒပျက်တော့တာပဲ။
မောဟစိတ် ၀င်လာရင်လည်း ကာယိနြေ္ဒပျက်
တော့တာပဲ။ ကြိုက်စိတ်ညှဉ်းဆဲတာခံရ၊
မကြိုက်စိတ်ညှဉ်းဆဲတာခံရနဲ့၊ နှလုံးသွေးလည်ပတ်မှု
နှေးကွေးလာချိန်မှာ ဘုန်းဘုန်းကျနေတဲ့ မေဟစိတ်
ဝင်လာရော။ အဲဒီမှာ တွေဝေထုံထိုင်းလာပြီး
နှလုံးသွေးလည်း ပျစ်ချွဲချွဲဖြစ်လာတယ်။ မျက်နှာ
အသွင်အပြင်က မှုန်တေတေဖြစ်လာတယ်။
ကောင်းအာရုံ ဆိုးအာရုံတွေမှာ ဇဝေဇ၀ါ အတွေးနဲ့
ငေးကြည့်နေတတ်တယ်။ လက်ထဲကမုန့်
စားရမှာလိုလို လွှင့်ပစ်ရမှာလိုလိုဖြစ်နေတဲ့
ကလေးတစ်ယောက်လိုပဲ။ အဲဒီအချိန်မှာ လိပ်ကို
ကြမ်းပိုးပြောလည်း ယုံ၊ ကြမ်းပိုးကို လိပ်လို့ပြောလည်း
ယုံ။ အပြောအပြသာတဲ့ဘက် စိတ်ပါသွားရော။
မောဟစိတ် ထိပ်တက်နေရင် လူဟာ ထုံအအ ပွတတ
ကြီးဖြစ်သွားပြီး ကာယိနြေ္ဒပျက်တော့တာပဲ။
ရာဂ, ဒေါသ, မောဟ ဒီစိတ်သုံးမျိုးဟာ ကာယိနြေ္ဒ
ပျက်စေရုံမျှမက အပါယ်ဘုံသို့လည်း ကျစေတတ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
မှန်ခံထားတယ်
စိတ်ဆိုတာ အကောင်းကြိုက်၊ ကောင်းမယ်ထင်တာကို
များများကြီး လိုချင်တတ်တယ်။
လောဘနဲ့ပေါင်းနေတဲ့ ဒီစိတ်ကို သီလဆိုတဲ့
စောင့်စည်းမှု အကျင့်ဂုဏ်နဲ့ သန့်စင်ပေးရတာ။
စိတ်က ကောင်းမယ်ထင်တာ များများရမယ့်ဟာကို
မျက်နှာလိုက်ပေမယ့် သီလကတော့ မျက်နှာမလိုက်ဘူး။
သီလဆိုတာ အယုတ်အလတ်အမြတ်မရွေး လူမျိုးဘာသာ
မရွေး သိသိ မသိသိ၊ လှူလှူ မလှူလှူ ပေးနေမှာပဲ။
သဒ္ဓါရှိသူကို ပေးနေမှာပဲ။
တောင်းသူတွေဘက်ကလည်း ဘယ်တော့မှ
အတောင်းမရပ်ပါဘူး။ တစ်ခုရတော့ နောက်တစ်ခု
အဆုံးမသတ်တော့ဘူး။ ပြည့်စုံပါပြီ တော်ပြီမရှိတော့ဘူး။
ဒီလိုတော့ မရနိုင်ဘူး။
ပေးသူနဲ့ ယူသူကြားမှာ မှန်ခံထားတယ်။ သဒ္ဓါလည်းမှန်မှ
အကျင့်လည်းမှန်မှ ရတာ။ အာရုံပြုတတ်အောင်
လမ်းကြောင်းပေးတာပါဗျာ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ ၀ါးသုံးရုံသစ်တောစခန်း)
အယုတ်မှ အမြတ်သို့
စိတ်ဆိုတာ မကောင်းမှုမှာပဲ မွေ့လျော်တတ်တဲ့
သဘောရှိပါတယ်။ ဒါကြောင့် ယုတ်နှိမ့်ရာအရပ်
ဒုစရိုက်နယ်ပယ်ဟာ ကြံသိစိတ်ရဲ့ ကျက်စားရာ
စားကျက် ဖြစ်လာပါတယ်။ ဒါပေမဲ့ ၀က်ဆိုတာ
မစင်အညစ်အကြေးကိုသာ ခုံမင်လေ့ရှိပေမယ့်
ဆန်ကွဲထမင်း ကျိုကျွေးတော့လည်း စားသေးတာပဲ
မဟုတ်လား။ ကျွဲဟာ နွံမှာပျော်လေ့ရှိပေမယ့်
ရေထဲမောင်းချတော့လည်း ကူးသေးတာပဲ မဟုတ်လား။
ဒီလိုပဲ၊ စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်နေပေမယ့်
ပြုပြင်ပေးရင် ကောင်းလာနိုင်ပါတယ်။ အယုတ်မှ
အမြတ်သို့ တွန်းတင်ပေးနိုင်ပါတယ်။ အမြတ်မှ အပြတ်သို့
(ဘ၀ချုပ်ပြတ်ရာ နိဗ္ဗာန်သို့) ရောက်နိုင်ပါသေးတယ်။
`ပါသေးတယ် . . . ပါသေးတယ်´လို့ ပြောရတာက
မှောက်ထားတဲ့လက်ဝါး လှန်ရသလောက်တော့
မလွယ်လို့ပါပဲ။ စိတ်ဆိုတာက ခွေးမြီးကောက် ကျည်တောက်
စွပ်တာထက်တောင် ခက်ပါသေးတယ်။
လျော့တိလျော့ရဲ့အားထုတ်ပုံမျိုး၊ စမ်းကြည့်ရုံမျိုးနဲ့တော့
အယုတ်မှ အမြတ်သို့ မတတ်သာဘူး။
အမြတ်မှအပြတ်သို့ကား ဝေလာမှဝေး၊ မြဲမြံသောစိတ်
မြဲမြံသောသတိ ဖြင့်သာ မြင့်ရာမြတ်ရာမှသည်
နိဗ္ဗာန်ဆီအထိ ဆိုက်ရောက်နိုင်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရသြ၀ါဒ)
လူဖြစ်လာရခြင်း၏ အဓိကရည်ရွယ်ချက်
တိရစ္ဆာန်ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ပြီးပါမှ
လူ့ဘ၀ ရောက်လာရတတ်ပါတယ်။
ဒါကြောင့် တိရစ္ဆာန်ဘ၀ပေါင်းများစွာက ပါလာတဲ့
တိရစ္ဆာန်စိတ် (၀ါ) စိတ်ရိုင်းတွေ လူမှာ ပါလာတတ်
ပါတယ်။ တိရိစ္ဆာန်စိတ်ဆိုတာ . . .
- အကြိုက်နောက် စိုက်လိုက်မတ်တပ်လိုက်နေတဲ့
လောဘစိတ်။
- မကြိုက်နောက် ပစ်မှားစော်ကားနေတဲ့ ဒေါသစိတ်။
- အကောင်းအဆိုး အကျိုးအပြစ် မခွဲခြားနိုင်တဲ့
အမှားသိ မောဟစိတ်တို့ကို ဆိုလိုပါတယ်။
အဲဒီအောက်တန်းစား စိတ်သုံးမျိုးကို . . .
- အကြိုက်မှ သဒ္ဓါသို့၊ ပြစ်မှားမှုမှ ပညာသို့၊
အမှားသိမှ အမှန်တွေးသို့ ပြောင်းလဲပေးတတ်ဖို့
သာလျှင် လူဖြစ်လာရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လို့
မှတ်သားအပ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရသြ၀ါဒ)
သည်းခံခြင်းစစ်စစ်
သည်းခံတယ်ဆိုတာ သိပ်သည်းတဲ့ သတိသပ္ပဇဉ်ရဲ့
ခံနိုင်ရည်ကိုပြောတာ။ အဂတိလေးပါး မည်သည့်ဘက်မျှ
မလားတော့ပါမှ `သည်းခံ´တယ်လို့ ဆိုနိုင်တယ်။
ကောင်းဆိုး လောဂဓံတွေကို မတုန့်ပြန်တော့မှသာ
သည်းခံရာရောက်တယ်။ ကြိုက်ပေါက် မကြိုက်ပေါက်
လာခလောက်သမျှ အံ့လောက်အောင် ခံနိုင်ရည်ပြည့်
နေစေရမယ်။ ဒီလိုသည်းခံပြီး နေတယ်ဆိုရာမှလည်း
ပေပြီးခံ ကြိတ်မှိတ်ခံနေတာမျိုးမဟုတ်ဘဲ
မေတ္တာ၊ ကရုဏာမပျက်တဲ့ ခံနည်းမျိုးနဲ့ ခံတာသာလျှင်
သည်းခံခြင်းအစစ် ဖြစ်တော့တယ်။
မိဘက သားသ္မီးဒဏ်ခံနိုင်တာ ချစ်ခြင်းမေတ္တာနဲ့
သံယောဇဉ်ကြောင့်။ အဲဒါ အနွံတာခံတယ်လို့
ခေါ်တယ်။ သည်းခံ အဆင့်မရောက်ဘူး။
လင်နဲ့မယား အပြန်အလှန်ဒဏ်ခံနေကြတယ်
ဆိုတာလည်း သည်းခံခြင်းအစစ် မဟုတ်သေးဘူး။
အနွံတာခံခြင်းမျှသာ။
ဝိပဿနာဦးသျှောင် ဆောင်ထားတဲ့၊
မိမိရဲ့အတွင်းထ ကိလေသာများကို
ချိုးနှိပ်ထားပြီးတဲ့ သူတော်ကောင်းကြီးများရဲ့
ခံနိုင်ရည်သာ သည်းခံခြင်း စစ်စစ်ဖြစ်တယ်။
ပုထုဇဉ်လောကမှာ အနွံတာခံခြင်းလောက်သာ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ ၀ါးသုံးရုံ သစ်တောစခန်းသြ၀ါဒ)
Thursday, August 16, 2012
လမ်းဆုံးပန်းတိုင်
ဒီနေ့ ကာမလောကသားတွေ
ဘာကိုတမ်းတမ်းတတရှိနေကြသနည်း။
အဘယ်နောက်သို့ တစ်ကောက်ကောက် လိုက်နေကြသနည်း။
ကာမလောကသားတို့ရဲ့ အထွတ်အထိပ်ပန်းတိုင်ကား
အဘယ်အရာနည်း။
ဒီမေးခွန်းသုံးခုကို ဖြေကြည့်စမ်းပါ။ စိတ်အကြံ နှုတ်အဖွင့်
ကိုယ်အမှုအရာ သုံးဆင့်တို့ဖြင့် ချင့်တိုက်ကြည့်၊
တိုက်ရိုက်တဲ့တိုး အဖြေသိပါလိမ့်မယ်။
- ရူပတဏှာ ဉာဉ်စရိုက် ၀ါသနာပါသူက
အဆင်းအာရုံမှန်သမျှ သက်ရှိသက်မဲ့မရှောင်
ပြောင်ပြောင်ကြီးလိုက်စားနေကြရဲ့။
-သဒ္ဒတဏှာ ဉာဉ်စရိုက် ၀ါသနာပါသူက
အသံအာရုံကြားရင် သက်ရှိသက်မဲ့မရွေး
အပြေးနားထောင်နေကြရဲ့။
ဒီလိုပဲ အနံ့၊ အရသာ၊ အတွေ့၊ အတွေး ဉာဉ်စရိုက်
ဝါသနာပါသူတွေကလည်း ကိုယ်အာရုံကျရာမှန်သမျှ
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ဝတ္ထုအာရုံ
ကာမဂုဏ်တွေမှာ ခုံမင်တမ်းတ အငမ်းမရ
ဖြစ်နေကြပါတယ်။ အလိုကျရာ အာရုံရှင်ရဲ့နောက်
တကောက်ကောက် လိုက်နေကြပါတယ်။
နောက်ဆုံးတော့ ကာမဂုဏ်မေထုန်အကျင့်ဟာ
လောကသားတို့ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်ခဲ့ရပါတယ်။
ကာမလောကသားတွေဟာ တစ်ဦးနှင့်တစ်ဦး
လင်အဖြစ် မယားအဖြစ် ပေါင်းသင်းကြရာမှာ
စိတ်မှာအလို ကိုယ်မှာတော့ဝတ္ထုနှင့် အာရုံတို့ကို
ကြားခံထားရပါတယ်။ အလိုရဲ့ ပူဆာခြင်းကို
မခံမရပ်နိုင်တော့တဲ့ လောကလူသားဟာ
ဉာဉ်သွေး၊ စရိုက်သွေး၊ ၀ါသနာသွေးများကပါ
အုံကြွလာတဲ့အခါ တစ်ဖက်ရဲ့အလိုလည်းလိုက်
အကြိုက်လည်းဆောင်၊ တစ်ဖက်ရဲ့ အာရုံတိုက်
ဝတ္ထုတိုက်ကိုလည်း နှစ်နှစ်ခြိုက်ခြိုက် လက်ခံပေးရပါတယ်။
စာရင်းကိုင်နဲ့ စာရင်းငှား၊ ဒိုင်နဲ့ ထိုးသားလို
အလိုတူ ကြည်ဖြူသွားရတာ တမ်းတရာနောက်
တကောက်ကောက်လိုက်ခဲ့ရတဲ့ ကာမအလိုကို
မလွန်ဆန်နိုင်ကြလို့ပါပဲ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
လိုချင်တာရ ဘ၀ပြီးစတမ်း
ကာမကုသိုလ်ဆိုတာ အလိုနဲ့ရင်းထားတဲ့အတွက်
အလိုကိုပဲ အကျိုးပေးတတ်တယ်။
အလိုရမ္မက်ရဲ့ နှိပ်စက်ခြင်း၊ အလိုရှိရာဝတ္ထု
အာရုံတို့၏ ဖျက်ဆီးခြင်းတို့ကို လှလှကြီး ခံကြရစမြဲ။
ဒီနေ့ ကာမလောကသားတွေဟာ သူ့ကြိုက်ပစ္စည်း၊
ကိုယ့်ကြိုက်ပစ္စည်း၊ သူ့အာရုံ၊ ကိုယ့်အာရုံ
လဲယူသုံးစားနေကြတယ် မဟုတ်ပါလား။
အလို အလိုချင်း ဖြည့်တင်းပေးနေကြတယ်။
အလို အလိုချင်း စစ်ခင်းနေကြပါတယ်။
လင်နဲ့မယားဆိုတဲ့ အိမ်ထောင်ရေးဘ၀တွေကို
ကြည့်လိုက်စမ်းပါ။ အလိုတူအလိုပါ လိုချင်တာရ
ဘ၀ပြီးစတမ်းနဲ့ပဲ စခန်းဖွင့် စခန်းသိမ်းနေကြတယ်
မဟုတ်ပါလား။ အစကတော့ သူစိမ်းနှစ်ဦး၊
လင်မယားဘ၀မှာ တစ်ပူးတွဲတွဲ၊
ဒီလိုခွဲမရအောင် အလိုဆန္ဒက ချုပ်နှောင်ထားလိုက်တာ
သူခေါ်ရာလိုက် သူ့အကြိုက်ဆောင်၊
သူနှောင်ရာ အသာနေနဲ့ တွေဝေမိန့်မော
ကာမတောမှာပဲ တ၀ဲလည်လည် နေကြရပါတယ်။
အလိုနဲ့ရင်းပြီး အလိုကိုပဲအကျိုးပေးတတ်တဲ့
ကာမကုသိုလ်အဆင့်က မြင့်တက်အောင်
ကြိုးစားကြစမ်းပါ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၇ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
မမြတ်တာရှုံးလို့
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်တော်သီလမှာ `အဗြဟ္မာစရိယာ
ဝေရာမဏိ´ ဆိုတာ မမြတ်သောမေထုန်အမှုမှ ရှောင်ကြဉ်ပါ၏လို့
ဝန်ခံစောင့်ထိန်းကြတာမဟုတ်လား။ မေထုန်ကို မမြတ်ဘူးလို့
ဆိုထားတယ်။ ဘာကြောင့်မမြတ်တာလဲ။ မမြတ်တာရှုံးလို့။
ကျေးဇူးကြီးလှပါတယ်ဆိုတဲ့ မိဘကိုတော့ လုပ်မကျွေးဘဲ
မယားလုပ်ကျွေး၊ လင်လုပ်ကျွေးနဲ့ ကာမကြွေးဆပ်နေကြရသမျှ
အရှုံးပေါ်နေကြမှာပဲ။
မေထုန်အကျင့်မှာ နှလုံးသွေး ဆူပွက်ခြင်း၊ ရှိသမျှသွေးသားများ
လျှံတက်ခြင်း၊ သွေးကြောလေကြောတွေလည်း တခဲနက် ခက်ထန်
လာခြင်း၊ ရိုးတွင်းခြင်ဆီများ အရည်ပျော်ခြင်းအထိ ရုပ်ကိုဖျက်ဆီး
ပစ်လိုက်တယ်။ ဣနြေ္ဒမဆည်နိုင်အောင်လည်း စိတ်ကို ဖျက်ဆီးပစ်
လိုက်တယ်။ ရုပ်လည်းရှုံး၊ စိတ်လည်းရှုံး၊ ဘာဆိုဘာမှ သတိမရတော့
လောက်အောင် အရှုံးပေါ်စေတယ်။
အဲဒါကြောင့် ဥပုဒ်နေ့လေးတစ်နေ့တော့ဖြင့် အမြတ်ရကြပါ
စေရယ်လို့ အဗြဟ္မာစရိယာ ဝေရာမဏိလုပ်ကြရတယ်။
မမြတ်သော(၀ါ)ဘ၀ကို အရှုံးပေါ်စေသော
ဝေရာမဏိ´ ဆိုတာ မမြတ်သောမေထုန်အမှုမှ ရှောင်ကြဉ်ပါ၏လို့
ဝန်ခံစောင့်ထိန်းကြတာမဟုတ်လား။ မေထုန်ကို မမြတ်ဘူးလို့
ဆိုထားတယ်။ ဘာကြောင့်မမြတ်တာလဲ။ မမြတ်တာရှုံးလို့။
ကျေးဇူးကြီးလှပါတယ်ဆိုတဲ့ မိဘကိုတော့ လုပ်မကျွေးဘဲ
မယားလုပ်ကျွေး၊ လင်လုပ်ကျွေးနဲ့ ကာမကြွေးဆပ်နေကြရသမျှ
အရှုံးပေါ်နေကြမှာပဲ။
မေထုန်အကျင့်မှာ နှလုံးသွေး ဆူပွက်ခြင်း၊ ရှိသမျှသွေးသားများ
လျှံတက်ခြင်း၊ သွေးကြောလေကြောတွေလည်း တခဲနက် ခက်ထန်
လာခြင်း၊ ရိုးတွင်းခြင်ဆီများ အရည်ပျော်ခြင်းအထိ ရုပ်ကိုဖျက်ဆီး
ပစ်လိုက်တယ်။ ဣနြေ္ဒမဆည်နိုင်အောင်လည်း စိတ်ကို ဖျက်ဆီးပစ်
လိုက်တယ်။ ရုပ်လည်းရှုံး၊ စိတ်လည်းရှုံး၊ ဘာဆိုဘာမှ သတိမရတော့
လောက်အောင် အရှုံးပေါ်စေတယ်။
အဲဒါကြောင့် ဥပုဒ်နေ့လေးတစ်နေ့တော့ဖြင့် အမြတ်ရကြပါ
စေရယ်လို့ အဗြဟ္မာစရိယာ ဝေရာမဏိလုပ်ကြရတယ်။
မမြတ်သော(၀ါ)ဘ၀ကို အရှုံးပေါ်စေသော
ကာမသတ္တိ
လူ့ဘ၀ရလာတာ ကာမဘုံကိုရောက်လာတာ။
အတိတ်က ကံစိတ်တွေက လက်ရှိဘ၀ကို ကာမနဲ့ ချိတ်ပေးလိုက်တာ။
ကာမသွေး ပါလာတဲ့လူသား ကာမနဲ့ လမ်းသလားပြီး တွေ့မြင်သမျှ
ကာမနဲ့သာ ငံ့လင့်နေတတ်တယ်။
ဟိုတစ်ဖက်က ၀တ္ထုအာရုံတို့အပေါ် `ချစ်ကြိုက်´တယ်ဆိုတာ
စကားလှအောင်ပြောနေတာ။ တကယ့်အဖြစ်မှန်က မိမိကိုယ်တွင်းက
ကာမသွေးနဲ့ ကာမစိတ် ထကြွသောင်းကျန်းနေတာ။
အတိတ်ကပါလာတဲ့ ကံ, စိတ်တွေက ဉာဉ်စရိုက် ၀ါသနာအဖြစ်
လိုက်ပါလာပြီး ကာမဘုံသားကို ဖျစ်ညှစ်နှိပ်စက်နေတဲ့အတွက်
တော်တန်ရုံသတ္တိနဲ့ ဒီကာမကို ခံမတိုက်ရဲဘူး။
သံပုရာသီးဆိုတဲ့ အသံကြားရုံနဲ့ ခံတွင်းချဉ်တာ သံပုရာသီးကြိုက်လို့ မဟုတ်၊
သံပုရာသီးကိုက အချဉ်သတ္တိ ပြင်းထန်လွန်းလို့။
ကာမသံကြားလို့ ဇ,ပြပြီး ထကြွလာတာကို `ချစ်တယ်၊ ကြိုက်တယ်´လို့
မထင်လေနဲ့။
အတိတ်က ကံစိတ်တွေက လက်ရှိဘ၀ကို ကာမနဲ့ ချိတ်ပေးလိုက်တာ။
ကာမသွေး ပါလာတဲ့လူသား ကာမနဲ့ လမ်းသလားပြီး တွေ့မြင်သမျှ
ကာမနဲ့သာ ငံ့လင့်နေတတ်တယ်။
ဟိုတစ်ဖက်က ၀တ္ထုအာရုံတို့အပေါ် `ချစ်ကြိုက်´တယ်ဆိုတာ
စကားလှအောင်ပြောနေတာ။ တကယ့်အဖြစ်မှန်က မိမိကိုယ်တွင်းက
ကာမသွေးနဲ့ ကာမစိတ် ထကြွသောင်းကျန်းနေတာ။
အတိတ်ကပါလာတဲ့ ကံ, စိတ်တွေက ဉာဉ်စရိုက် ၀ါသနာအဖြစ်
လိုက်ပါလာပြီး ကာမဘုံသားကို ဖျစ်ညှစ်နှိပ်စက်နေတဲ့အတွက်
တော်တန်ရုံသတ္တိနဲ့ ဒီကာမကို ခံမတိုက်ရဲဘူး။
သံပုရာသီးဆိုတဲ့ အသံကြားရုံနဲ့ ခံတွင်းချဉ်တာ သံပုရာသီးကြိုက်လို့ မဟုတ်၊
သံပုရာသီးကိုက အချဉ်သတ္တိ ပြင်းထန်လွန်းလို့။
ကာမသံကြားလို့ ဇ,ပြပြီး ထကြွလာတာကို `ချစ်တယ်၊ ကြိုက်တယ်´လို့
မထင်လေနဲ့။
မဟာဗောဓိမြိုင်ဆရာတော် (၁၃၆၁ခုနှစ်၊ ဓမ္မနီတိကထာ၊ မောနေယျတော)
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
၁. လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၂.ပြောတိုင်းမရ ဒေါမထနှင့်၊
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၃.ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊
ကြံစည်တိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၎.ဆင်းရဲကြုံမှု မညီးညူနှင့်၊
ချမ်းသာချည်းသာ ကြုံနေပါက ဘယ်မှာ ဒုက္ခရှိမည်နည်း။
၅.ပျက်စီးတိုင်းလျှင် မပူပင်နှင့်၊
မပျက်စီးပါ ခိုင်မြဲပါက ဘယ်မှာ အနိစ္စရှိမည်နည်း။
၆.အာရုံဟူသမျှ မတောင်းတနှင့်၊
အာရုံတိုင်းသာ တောင်းတပါက ဘယ်မှာ လောဘဆုံးမည်နည်း။
၇.အရာရာမျိုး စိတ်မဆိုးနှင့်၊
နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
၈.သိဉာဏ်မလိုက် ငါမမိုက်နှင့်၊
သိဉာဏ်မလိုက် ငါမိုက်ပါက ဘယ်မှာ မောဟဆုံးမည်နည်း။
၉.ဘုရား၊တရား မေ့မထားနှင့်၊
ဆုံးမတိုင်းသာ (ကျင့်ကြံပါက၊ လိုက်နာပါက) ဘယ်မှာ နိဗ္ဗာန်ဝေးမည်နည်း။
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၂.ပြောတိုင်းမရ ဒေါမထနှင့်၊
ပြောဆိုတိုင်းသာ ရနေပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၃.ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊
ကြံစည်တိုင်းသာ ပြီးမြောက်ပါက ဘယ်မှာ အနတ္တရှိမည်နည်း။
၎.ဆင်းရဲကြုံမှု မညီးညူနှင့်၊
ချမ်းသာချည်းသာ ကြုံနေပါက ဘယ်မှာ ဒုက္ခရှိမည်နည်း။
၅.ပျက်စီးတိုင်းလျှင် မပူပင်နှင့်၊
မပျက်စီးပါ ခိုင်မြဲပါက ဘယ်မှာ အနိစ္စရှိမည်နည်း။
၆.အာရုံဟူသမျှ မတောင်းတနှင့်၊
အာရုံတိုင်းသာ တောင်းတပါက ဘယ်မှာ လောဘဆုံးမည်နည်း။
၇.အရာရာမျိုး စိတ်မဆိုးနှင့်၊
နေရာတိုင်းသာ စိတ်ဆိုးပါက ဘယ်မှာ ဒေါသဆုံးမည်နည်း။
၈.သိဉာဏ်မလိုက် ငါမမိုက်နှင့်၊
သိဉာဏ်မလိုက် ငါမိုက်ပါက ဘယ်မှာ မောဟဆုံးမည်နည်း။
၉.ဘုရား၊တရား မေ့မထားနှင့်၊
ဆုံးမတိုင်းသာ (ကျင့်ကြံပါက၊ လိုက်နာပါက) ဘယ်မှာ နိဗ္ဗာန်ဝေးမည်နည်း။
Sunday, August 12, 2012
သတိ၏တာဝန်လေးချက် -မဟာဗောဓိမြိုင်ဆရာတော်-
`အပ္ပမာဒေန သမ္ပာဒေထ´ ဆိုတာ တစ်သက်လုံး သုံးမကုန်တဲ့
သတိတစ်လုံးကို ဓမ္မအမွေအဖြစ်ပေးခဲ့တာ။
သတိမှာ တာဝန်လေးချက်ပါတယ်။ `မမေ့၊ မလျော့၊ မပေါ့၊ မဆ´တဲ့။
ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ
ထိုးဖောက် ၀င်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။
ဒါကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။
မမေ့လျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့
ကိလေသာအဟောင်းကိုလည်း ချေမှုန်း၊ နောက်တိုး ကိလေသာအသစ်တွေလည်း
ခြေကုပ်မယူနိုင်အောင် ထိုးစစ်ဆင်၊
`မပေါ့ခြင်း´ဖြင့် ကိလေသာအပေါ် အမြဲကြောင့်ကြစိုက်တဲ့ ၀ီရိယရှိဖို့ လိုတယ်။
ကိလေသာဆိုတာ မြွေပွေးလိုပဲ၊ မွေးကင်းစကတည်းက အဆိပ်ပါပြီးသား။
ဒါ့ကြောင့် ပေါ့လို့မဖြစ်ဘူး။ ဒီနေရာမှာ ခြင်္သေ့မင်းတို့ရဲ့ ၀ီရိယမျိုး မွေးမြူရမယ်။
သားကောင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တူညီသော လုံလ၀ီရီယထားပြီး
ဖမ်းယူလေ့ရှိတဲ့ ခြင်္သေ့မင်း ၀ီရိယမျိုးကို ကိလေသာအသေသတ်ရာမှာ အသုံးပြုပါ။
`မဆ´ဆိုတာ အချိန်ဆမနေနဲ့၊ အချိန်ဆွဲမနေနဲ့တဲ့။ ထမင်းစားချိန်မို့ ရေချိုးတုန်းမို့
ဆိုပြီး ချိန်ဆနေရင် ကိလေသာဝင်မှာပဲ။ ဒီတော့ အချိန်မရွေး၊ နေရာမရွေး၊
အလုပ်မရွေးဘဲ အမှတ်သတိ အမြဲရှိနေကြစမ်းပါ။
အဲဒီလို သတိရဲ့ တာဝန်လေးချက် ထမ်းရွက်လာနိုင်ပြီဆိုရင်
တရားရှင်စစ်စစ် ဖြစ်လာပါလိမ့်မယ်။
(၁၉၉၇ ခုနစ်၊ နတ်တလူတောရ သြ၀ါဒ)
သတိတစ်လုံးကို ဓမ္မအမွေအဖြစ်ပေးခဲ့တာ။
သတိမှာ တာဝန်လေးချက်ပါတယ်။ `မမေ့၊ မလျော့၊ မပေါ့၊ မဆ´တဲ့။
ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ
ထိုးဖောက် ၀င်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။
ဒါကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။
မမေ့လျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့
ကိလေသာအဟောင်းကိုလည်း ချေမှုန်း၊ နောက်တိုး ကိလေသာအသစ်တွေလည်း
ခြေကုပ်မယူနိုင်အောင် ထိုးစစ်ဆင်၊
`မပေါ့ခြင်း´ဖြင့် ကိလေသာအပေါ် အမြဲကြောင့်ကြစိုက်တဲ့ ၀ီရိယရှိဖို့ လိုတယ်။
ကိလေသာဆိုတာ မြွေပွေးလိုပဲ၊ မွေးကင်းစကတည်းက အဆိပ်ပါပြီးသား။
ဒါ့ကြောင့် ပေါ့လို့မဖြစ်ဘူး။ ဒီနေရာမှာ ခြင်္သေ့မင်းတို့ရဲ့ ၀ီရိယမျိုး မွေးမြူရမယ်။
သားကောင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တူညီသော လုံလ၀ီရီယထားပြီး
ဖမ်းယူလေ့ရှိတဲ့ ခြင်္သေ့မင်း ၀ီရိယမျိုးကို ကိလေသာအသေသတ်ရာမှာ အသုံးပြုပါ။
`မဆ´ဆိုတာ အချိန်ဆမနေနဲ့၊ အချိန်ဆွဲမနေနဲ့တဲ့။ ထမင်းစားချိန်မို့ ရေချိုးတုန်းမို့
ဆိုပြီး ချိန်ဆနေရင် ကိလေသာဝင်မှာပဲ။ ဒီတော့ အချိန်မရွေး၊ နေရာမရွေး၊
အလုပ်မရွေးဘဲ အမှတ်သတိ အမြဲရှိနေကြစမ်းပါ။
အဲဒီလို သတိရဲ့ တာဝန်လေးချက် ထမ်းရွက်လာနိုင်ပြီဆိုရင်
တရားရှင်စစ်စစ် ဖြစ်လာပါလိမ့်မယ်။
(၁၉၉၇ ခုနစ်၊ နတ်တလူတောရ သြ၀ါဒ)
စည်းရိုးကလေး -မဟာဗောဓိမြိုင်ဆရာတော်-
ဒါနနဲ့ သီလဆိုတာ လူနဲ့တိရစ္ဆာန်ကြား ခြားထားတဲ့စည်းရိုး၊
တိရစ္ဆာန်ဘ၀တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ညဉ်စရိုက်တွေ ကြည့်လိုက်စမ်းပါ
ထိုးဆင်းကျရောက်လာခြင်းမရှိအောင် ကိုယ်ကျင့်သီလဆိုတဲ့
စည်းရိုးကလေး ခြားထားရပါတယ်။ ဒီတော့ စည်းရိုးကလေး လုံပါစေ။ ခိုင်ပါစေ။
စည်းမလုံ ခွေးတိုးတဲ့နော်၊ ခွေးကျင့် ခွေးကြံတွေ ၀င်ရောက်လာရင်
လူ့စည်းပေါက်သွားပြီလို့မှတ်ပါ။
ငါစားရပြီးရော၊ ငါဝပြီးရော ကျန်တဲ့ဘ၀တူတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး
ဟောင်လို့ဟောင်၊ ကိုက်လို့ကိုက်ဆိုတာ ခွေးလောကရဲ့ အကျင့်အကြံတွေပါ။
ဒီတော့ ငါ့ရှိတာလေး မျှဝေပေးကျွေး၊ ငါစားရသလို သူလည်းစားရပါစေဆိုတဲ့
ကိုယ်ချင်းစာစိတ်ကလေး မွေးလိုက်တာဟာ မေတ္တာစမ်းပေါက်ကလေး
ဖွင့်ပေးလိုက်တာပါပဲ။ သူတစ်ပါးသို့ မျှဝေပေးကျွေးခြင်းဆိုတဲ့ ဒါနမှာ
မေတ္တာဓာတ် သက်ဝင်နေပြီ။
ကိုယ်ကျင့်သီလ၊ ကိုယ်ချင်းစာမေတ္တာ၊ သူ့အကျိုးလိုလားခြင်း ဒါန ဆိုတဲ့
စည်းရိုးသုံးထပ်ကာထားနိုင်ရင် တိရစ္ဆာန်ဉာဏ် တိရစ္ဆာန်စရိုက်တွေ
မ၀င်သာတော့ပါဘူး။
(1997ခုနစ်၊ နတ်တလူတောရသြ၀ါဒများ မှ)
တိရစ္ဆာန်ဘ၀တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ညဉ်စရိုက်တွေ ကြည့်လိုက်စမ်းပါ
- ကြိုက်ရင် ကြိုက်သလို လိုက်သိမ်းပိုက်တဲ့ အဓမ္မရာဂ၊
- မကြိုက်ရင် မကြိုက်သလို လိုက်ပြီးတိုက်ခိုက်တဲ့ အဓမ္မဒေါသ၊
- မသိရင် မသိသလို လိုက်ပြီး မိုက်ကြွေးချနေတဲ့ အဓမ္မမောဟ၊
ထိုးဆင်းကျရောက်လာခြင်းမရှိအောင် ကိုယ်ကျင့်သီလဆိုတဲ့
စည်းရိုးကလေး ခြားထားရပါတယ်။ ဒီတော့ စည်းရိုးကလေး လုံပါစေ။ ခိုင်ပါစေ။
စည်းမလုံ ခွေးတိုးတဲ့နော်၊ ခွေးကျင့် ခွေးကြံတွေ ၀င်ရောက်လာရင်
လူ့စည်းပေါက်သွားပြီလို့မှတ်ပါ။
ငါစားရပြီးရော၊ ငါဝပြီးရော ကျန်တဲ့ဘ၀တူတွေ ဖြစ်ချင်ရာဖြစ်ဆိုပြီး
ဟောင်လို့ဟောင်၊ ကိုက်လို့ကိုက်ဆိုတာ ခွေးလောကရဲ့ အကျင့်အကြံတွေပါ။
ဒီတော့ ငါ့ရှိတာလေး မျှဝေပေးကျွေး၊ ငါစားရသလို သူလည်းစားရပါစေဆိုတဲ့
ကိုယ်ချင်းစာစိတ်ကလေး မွေးလိုက်တာဟာ မေတ္တာစမ်းပေါက်ကလေး
ဖွင့်ပေးလိုက်တာပါပဲ။ သူတစ်ပါးသို့ မျှဝေပေးကျွေးခြင်းဆိုတဲ့ ဒါနမှာ
မေတ္တာဓာတ် သက်ဝင်နေပြီ။
ကိုယ်ကျင့်သီလ၊ ကိုယ်ချင်းစာမေတ္တာ၊ သူ့အကျိုးလိုလားခြင်း ဒါန ဆိုတဲ့
စည်းရိုးသုံးထပ်ကာထားနိုင်ရင် တိရစ္ဆာန်ဉာဏ် တိရစ္ဆာန်စရိုက်တွေ
မ၀င်သာတော့ပါဘူး။
(1997ခုနစ်၊ နတ်တလူတောရသြ၀ါဒများ မှ)
Tuesday, August 7, 2012
"မဟာဗောဓိမြိုင်ဆရာတော်" သံဝေဂလမ်း - မှ ထုတ်နုတ်ထားပါသည်
ဤဘ၀ပါ မရဏသည်ကား ဘ၀ခွင်ဖြစ်စဉ် ဟူ၍ အထင်အရှား ရှိနေသေးသမျှ စက္ကန့်မလပ်ပင်
စပ်လျက် ထပ်လျက်ဖြင့် တာဝန်ယူကာ အမြဲလိုက်ပါနေကြမည်။
သို့ကြောင့် ငါသည်လည်း ခဏပိုင်းနေလေးများဖြင့်သာ
ခရီးသွားလာခွင့်ရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် သေပေးနေရသည်ချည်းသာ။
အများတကာတို့သည်လည်း ဤခဏပိုင်း နေခွင့်ရလေးများဖြင့်သာ
အသက်ရှင်ခွင့်ရနေကြရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် အသက်သေ သေသွားရသည်ချည်းသာ။
သင်္ချိုင်းထားကား အသေဆုံးသဖြင့် သွားရောက်ပို့ကြရခြင်းသာ။
သို့ကြောင့် ငါသည်လည်း သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင် ခဏချင်းချင်း ချုပ်လျက်ကရှိပြီး၊
သည်မှာ အသစ်မွေး သည်မှာပင် အသစ်သေပေးခဲ့ရသည်။
သို့ဖြင့်ပင် ငါဆိုသော ထိုငါသည် ၀ယ ခေါ် အပျက်၏ သင်္ကေတပြဖြစ်သော အရွယ်များကလည်း
မွေးကင်းစအရွယ်၊ ကလေးအရွယ်၊ လူလတ်အရွယ်၊ လူကြီးပိုင်းအရွယ်၊ အိုကြီးချက်မအရွယ်
စသည်များဖြင့် အဆင့်ဆင့် ပြောင်းလဲပေးခဲ့ရပြီ။ ယခုလည်း ပြောင်းပေးနေရဆဲ။
သင်နှင့်အများသည်လည်း ထိုနည်းမခြား တစ်သားတည်းပင်။ သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင်
အပျောက်သုတ်ခံ ခဲ့ကြရပြီး၊ သည်နေရာမွေး သည်နေရာမှာပင် သေခဲ့ကြေခဲ့ကြရပြီ။
သို့ကြောင့် သင်တို့၏ ဖြစ်စဉ်များသည်လည်း နံနက်ပိုင်းက အရွယ်သည် နေ့လည်အထိ သယ်လာခွင့်မရှိ။
တစ်ဖန် နေ့လယ်က အရွယ်သည်လည်း ညနေအထိ သယ်သွားခွင့်မရှိပြီ။
သည့်ထက် တင်းကျပ်သောဥပဒေမှာ
သင်တို့၏ ဘယ်ဖ၀ါး မြှောက်စဉ်က နာမ်ရုပ်များ ထိုဘယ်ဖ၀ါးချနင်းသည်အထိ သယ်ထုတ်ယူသွားခွင့်မရ
လိုက်ခြင်းပင်။
ထိုမီးအားလုံးတို့သည် သတ္တ၀ါတိုင်းတို့၌ -
အများနှင့်တွဲနေက ပို၍ဆိုး ပို၍ပင် အကျိုးနည်း။
သို့ကြောင့် အတွင်းလောင် ထိုမီးများသည်လည်း ပြင်ပမီးထက် ကြောက်စရာအကောင်းဆုံး
စပ်လျက် ထပ်လျက်ဖြင့် တာဝန်ယူကာ အမြဲလိုက်ပါနေကြမည်။
သို့ကြောင့် ငါသည်လည်း ခဏပိုင်းနေလေးများဖြင့်သာ
ခရီးသွားလာခွင့်ရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် သေပေးနေရသည်ချည်းသာ။
အများတကာတို့သည်လည်း ဤခဏပိုင်း နေခွင့်ရလေးများဖြင့်သာ
အသက်ရှင်ခွင့်ရနေကြရပြီး ထိုခဏပိုင်းလေးအတွင်းမှာပင် အသက်သေ သေသွားရသည်ချည်းသာ။
သင်္ချိုင်းထားကား အသေဆုံးသဖြင့် သွားရောက်ပို့ကြရခြင်းသာ။
သို့ကြောင့် ငါသည်လည်း သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင် ခဏချင်းချင်း ချုပ်လျက်ကရှိပြီး၊
သည်မှာ အသစ်မွေး သည်မှာပင် အသစ်သေပေးခဲ့ရသည်။
သို့ဖြင့်ပင် ငါဆိုသော ထိုငါသည် ၀ယ ခေါ် အပျက်၏ သင်္ကေတပြဖြစ်သော အရွယ်များကလည်း
မွေးကင်းစအရွယ်၊ ကလေးအရွယ်၊ လူလတ်အရွယ်၊ လူကြီးပိုင်းအရွယ်၊ အိုကြီးချက်မအရွယ်
စသည်များဖြင့် အဆင့်ဆင့် ပြောင်းလဲပေးခဲ့ရပြီ။ ယခုလည်း ပြောင်းပေးနေရဆဲ။
သင်နှင့်အများသည်လည်း ထိုနည်းမခြား တစ်သားတည်းပင်။ သည်မှာဖြစ်သော နာမ်ရုပ် သည်မှာတွင်
အပျောက်သုတ်ခံ ခဲ့ကြရပြီး၊ သည်နေရာမွေး သည်နေရာမှာပင် သေခဲ့ကြေခဲ့ကြရပြီ။
သို့ကြောင့် သင်တို့၏ ဖြစ်စဉ်များသည်လည်း နံနက်ပိုင်းက အရွယ်သည် နေ့လည်အထိ သယ်လာခွင့်မရှိ။
တစ်ဖန် နေ့လယ်က အရွယ်သည်လည်း ညနေအထိ သယ်သွားခွင့်မရှိပြီ။
သည့်ထက် တင်းကျပ်သောဥပဒေမှာ
သင်တို့၏ ဘယ်ဖ၀ါး မြှောက်စဉ်က နာမ်ရုပ်များ ထိုဘယ်ဖ၀ါးချနင်းသည်အထိ သယ်ထုတ်ယူသွားခွင့်မရ
လိုက်ခြင်းပင်။
ထိုမီးအားလုံးတို့သည် သတ္တ၀ါတိုင်းတို့၌ -
- ဘုံခင်ရာမှ အစွဲဆောင် အလောင်ခံ အပြောင်နှံ ခံနေရခြင်းတည်း။
- ဘ၀မင်ရာမှ အစွဲနှောင် အလောင်ခံ အပြောင်နှံ ခံနေရခြင်းများတည်း။
- ၀တ္ထု ၀တ္ထုချင်း အလဲထားကြရာမှလည်း အဖျက်ခံ အသက်နှံ နေရခြင်းများတည်း။
- အာရုံ အာရုံချင်း လဲစားကြရာမှလည်း အဖျက်ခံ အသက်နှံ နေရခြင်းများတည်း။
အများနှင့်တွဲနေက ပို၍ဆိုး ပို၍ပင် အကျိုးနည်း။
သို့ကြောင့် အတွင်းလောင် ထိုမီးများသည်လည်း ပြင်ပမီးထက် ကြောက်စရာအကောင်းဆုံး
Subscribe to:
Posts (Atom)