ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"
၏
အမှတ်(၃၆)ကျမ်းစာ
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဓာတ်ကြီး ၄-ပါး သဘော
မည်သူမျှ ပြုပြင်ပြောင်းလွှဲ၍ မရဘဲ သူ့သဘော
အတိုင်း ဖြစ်နေသည်ကို ပါဠိလို "ဓာတု" မြန်မာ
လို "ဓာတ်" ဟု ခေါ်၏၊(အတ္တနော သဘာဝံ-
မိမိသဘောကို၊ ဓာရေတိ- ဆောင်တတ်၏၊ ဣတိ-
ထို့ကြောင့်၊ ဓာတု- ဓာတ်မည်၏) ထိုဓာတ်သည်
ပါဠိလို "ပထ၀ီ, အာပေါ, တေဇော, ၀ါယော"ဟု
၎-မျိုးရှိ၏၊ မြန်မာလို "မြေ, ရေ, လေ, မီး" ဟု
ခေါ်၏၊ ထို ၄-ပါးတွင် ---
ပထ၀ီ (မြေ)။ ။ ပကတိ မြေကြီးသည်
အမာခံ ဖြစ်သကဲ့သို့ ပထ၀ီဓာတ်ဟူသော မြေ
လည်း ကက္ခဠ(ခိုင်မြဲ မာခြင်း) သဘော ရှိ၏။
အာပေါ (ရေ)။ ။ ပကတိ ရေသည် မုန့်
မှုန့် မြေမှုန့် စသည်ကို ဖွဲ့စည်းသကဲ့သို့ အာပေါ
ဓာတ်ဟူသော ရေလည်း အတူဖြစ်သော ရုပ်ခု
နှစ်ပါးကို ကျဲ၍မနေအောင် စုစည်းခြင်းသဘော
ရှိ၏၊ ထိုအာပေါဓာတ်သည် လွန်ကဲများလာသော
အခါ ရေသဘောဖြစ်၍ ယိုခြင်း စီးသွားခြင်း
သဘောရှိ၏။
တေဇော (မီး)။ ။ ပကတိ မီးသည် ပူသကဲ့
သို့ ကြေကျက်စေသကဲ့သို့ ဆန်ကို ထမင်းဖြစ်အောင်
နုညံ့စေသကဲ့သို့, တေဇောဓာတ်ဟူသော မီးလည်း
အပူသဘောဖြစ်၏၊ ရင့်ကျက်စေ၏, နုညံ့စေ၏၊
(သီတတေဇော၌ အအေးငွေ့လည်း ဖြစ်၏၊) ("သီတု
ဏှောတု သမညတာ တေဇောဓာတု"- သင်္ဂဟ။)
ဝါယော (လေ)။ ။ ပကတိ လေသည် ပင့်
မြှောက်နိုင်, ယိမ်းယိုင်သွားအောင် လှုပ်စေနိုင်သကဲ့
သို့, ၀ါယောဓာတ်ဟူသော လေလည်း အတူဖြစ်ဘက်
ရုပ်တို့ကို ကျဲ၍မနေစေဘဲ ပူးကပ်ကျပ်နေအောင်
တွန်းပေးတတ်၏၊ ထို ၀ါယောဓာတ်၏ အစွမ်းကြောင့်
တစ်ခါတစ်ရံ ရုပ်တို့သည် နေရာရွေ့၍ ဖြစ်ကြရ၏၊
ဤသို့ ဓာတ်ကြီး ၄-ပါးသည် မိမိသဘောအတိုင်းသာ
ဖြစ်ကြ၏၊ မိမိသဘောကို ဖြစ်တိုင်း ဖြစ်တိုင်း
ဆောင်နေကြသည်။
ခန္ဓာကိုယ်နှင့် အမွှန်းတင်
အပြင် သြကာသလောက၌ ပထ၀ီ(မြေ)ဓာတ်,
အာပေါ(ရေ)ဓာတ်, ၀ါယော(လေ)ဓာတ်, တေဇော
(မီး)ဓာတ်, ဤဓာတ်ကြီး ၄-ပါးသည် အလွန်ထင်ရှား
၍ အထည်ကိုယ် အမာခံရုပ်များ ဖြစ်သကဲ့သို့,
ထို့အတူ အတွင်းသတ္တလောက (သတ္တ၀ါဟူသမျှ)၌လည်း
ဤဓာတ် ၄-ပါးပင် အထည်ကိုယ် အမာခံဖြစ်သည်၊
ပင်ကိုယ်ရုပ်တစ်ခုသည် မျက်စိဖြင့်မမြင်နိုင်လောက်
အောင် မှုန်မွှားသေးငယ်၏၊ ဓာတ်ကြီး ၄-ပါးအပြင်
ဝဏ္ဏ(အဆင်း)ရုပ်, ဂန္ဓ(အနံ့)ရုပ်, ရသ(အရာသာ)ရုပ်,
သြဇာ(အဆီ အနှစ်)ရုပ်, ဤ ၄-ပါးသည် မျက်စိဖြင့်
မြင်ရ, နားဖြင့် ကြားရ, နှာခေါင်းဖြင့် မွေးရ နံရ,
လျှာဖြင့် အရသာခံရ, ခန္ဓာကိုယ်၌ အဆီသြဇာကြောင့်
ရုပ်တစ်မျိုးကို ဖြစ်စေတတ်သောကြောင့် ထင်ရှားကြ
ပေ၏၊ သို့သော် ဓာတ် ၄-ပါးကဲ့သို့ အမာခံ မဟုတ်ကြ၊
ဓာတ်ကြီး ၄-ပါးကို မှီ၍သာဖြစ်ရသော အမွှန်းတင်ရုပ်
များ ဖြစ်ကြသည်၊ သူတို့ချည်းသက်သက် မဖြစ်နိုင်ကြ။
ရုပ်ကလာပ်
"ကလာပ- ကလာပ်" ဟူသော စကားသည် အစု
အပေါင်းဟူသော အနက်အဓိပ္ပာယ်ရှိ၏၊ ဓာတ်ကြီး
၎-ပါးနှင့် ၀ဏ္ဏ, ဂန္ဓ, ရသ, သြဇာတို့သည် ခွဲ၍မရ၊
အမြဲတွဲ၍သာ ဖြစ်ကြရ၏၊ ထို ပေါင်းစပ်နေသော
ရုပ်ရှစ်ပါးကို အဋ္ဌကလာပ်ရုပ် (ရှစ်ခုသော ရုပ်အပေါင်း)
ဟု ခေါ်၏။ ထို ရုပ်ကလာပ်ရှစ်ပါးသည် ကံကြောင့်,
စိတ်ကြောင့်, ဥတုကြောင့်, အဟာရကြောင့် ဖြစ်ကြရ
ကား ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်,
အာဟာရဇကလာပ်,ဟု ရုပ်ကလာပ် ၄-မျိုး ကွဲပြား၏၊
(ဥတုဟူသည် တေဇောဓာတ်, အဟာရဟူသည်
သြဇာရုပ်။)
သတ္တိ လွန်ကဲပုံ
ရုပ်ရှစ်ပါးပေါင်းနေသော အဋ္ဌကလာပ်ရုပ်သည်
စိတ်ကြောင့်ဖြစ်ရသောအခါ စိတ်၏အလိုအတိုင်း
ပထ၀ီဓာတ်, အာပေါဓာတ်တို့၏ အစွမ်းသတ္တိ
လွန်ကဲသည်လည်းရှိ၏၊ တေဇော ၀ါယောဓာတ်
တို့က အစွမ်းသတ္တိ လွန်ကဲသည်လည်းရှိ၏၊
"လွန်ကဲ" ဟူရာ၌ အထည်ကိုယ်၏ ကြီးလာခြင်း
မဟုတ်, သတ္တိ၏ သာလွန်ခြင်းသာ ဖြစ်၏၊
တစ်ရံတစ်ခါ စိတ်၏အလိုအတိုင်း ထိုရုပ်ကလာပ်
တွင် "၀ိညတ်" ဟု ခေါ်အပ်သော အခြင်းအရာ
တစ်မျိုးလည်း ပါဝင်၏၊ ထိုဝိတ်ညတ်ကြောင့်
စိတ်ကသွားလိုလျှင် ရုပ်ကလာပ်သည် ရှေ့သို့
တိုး၍တိုး၍ ဖြစ်ရ၏၊ ဤ "၀ိညတ်" ဟု ခေါ်အပ်
သော ရုပ်သည်လည်း အကောင်အထည်
အထင်အရှား မဟုတ်၊ စိတ်၏ထူးခြားသော
အမူအရာ အခြင်းအရာတစ်မျိုးသာ ဖြစ်သည်။
No comments:
Post a Comment